ပူအိုက်ခြောက်သွေ့တဲ့ အချိန်တွေမှာဆိုရင် အသားအရေဟာ ပိုကြမ်းတမ်းပြီး ပျက်စီးလွယ်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ အသားအရေထိန်းသိမ်းမှုနဲ့ ပတ်သတ်ပြီး အချိန်ပေး သေချာဂရုတစိုက် လုပ်ဆောင်တာမျိုး တော်တော့်ကိုနည်းသလို အစားအသောက်၊ အနေအထိုင်နဲ့ပတ်သတ်ပြီးလည်း ဂရုမစိုက်နိုင်ကြလို့ပါ။ တကယ်တော့ အမျိုးသမီးဖြစ်စေ ၊ အမျိုးသားဖြစ်စေ ကိုယ့်ရဲ့အသားအရေကို ပုံမှန်ထိမ်းသိမ်းစောင့်ရှောက်မှုရှိဖို့ သိပ်ကိုလိုအပ်ပါတယ်။

အသားအရေလေးက ကြည်လင်ချောမွေ့နေမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးစေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နူးညံ့ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့ စကွင်းကဲ Tips လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အရေပြား ဆဲလ်သေတွေ ဖယ်ရှားပါ

အသားအရေကို ကြမ်းတမ်းစေတဲ့ အဓိကတရားခံက အရေပြားပေါ်က ဆဲလ်သေတွေပါပဲ။ အရေပြားဆဲလ်သေတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး မျက်နှာအသားအရေကို ကြမ်းတမ်းပျက်စီးစေပါတယ်။ ဒီအတွက် Exfoliation လုပ်တာက အထိရောက်ဆုံး ကုသနည်းတစ်ခုပါ။ Exfoliation လုပ်ခြင်းက အသားအရေအပေါ်ယံအလွှာကို သန့်စင်ပေးပြီး အရေပြားဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ Exfoliation မလုပ်ခင် မျက်နှာအသားအရေကို နူးညံ့ခြောက်သွေ့တဲ့ Brush နဲ့ အချိန်အနည်းငယ်ကြာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်လိမ်းနှိပ်နယ်ပေးပါ။ အသားအရေ ယားယံခြင်းမရှိစေဖို့ ဓာတုပစ္စည်းတွေမပါတဲ့ အပျော့စား Facial Scrub ကို ရွေးချယ်သုံးနိုင်ပါတယ်။

(၂) Moisturizing Body Wash သုံးပါ

ရာသီဥတု အေးတဲ့အချိန်တွေမှာ ရေခပ်နွေးနွေးလေးနဲ့ ရေချိုးရတာက တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ရေနွေးနဲ့ရေချိုးတဲ့အခါမှာ အရေပြားပေါ်က သဘာဝအစိုဓာတ်တွေကို ဖယ်ရှားပစ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေချိုးချိန်မှာ အသားအရေကို အစိုဓာတ်ရရှိစေဖို့ Moisturizing ပါတဲ့ ရေချိုးဆပ်ပြာတွေကို သုံးနိုင်ပါတယ်။

ဒါ့အပြင် ရေနွေးနဲ့ ရေချိုးမယ်ဆိုရင် ကြက်သီးနွေးရေဖြစ်ဖို့လိုသလို အချိန်အကြာကြီး ရေနွေးချိုးခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။ နောက်ပြီး ရေချိုးပြီးချိန်မှာ အသားအရေကို အစိုဓာတ်ပြည့်ဝနေစေဖို့ အစိုဓာတ်ထိန်းခရင်မ် ချက်ချင်းလိမ်းပေးဖို့လည်း လိုပါတယ်။

(၃) နေရောင်ကာခရင်မ် ပုံမှန်လိမ်းပါ

အခြေခံအကျဆုံးနဲ့ မဖြစ်မနေလုပ်ဆောင်ဖို့လိုတဲ့ စကွင်းကဲ အဆင့်တွေထဲကတစ်ခုကတော့ နေရောင်ကာခရင်မ် နေ့တိုင်းပုံမှန် လိမ်းပေးတာပါ။ နေရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့တာက နေလောင်တာ ၊ အသားအရေ ခြောက်သွေ့တာအပြင် ရေရှည်မှာ အသားအရေကို ကြမ်းတမ်းပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် နေရောင်ကာခရင်မ်ကို အမြဲမပြတ်လိမ်းပေးဖို့ လိုတာပါ။ အခြေခံအားဖြင့် နေရောင်ကာခရင်မ်တစ်ကြိမ်လိမ်းထားရင် ၂ နာရီဝန်းကျင်သာ ခံတဲ့အတွက် ၂ နာရီကြာပြီးတိုင်းမှာ နောက်ထပ်တစ်ကြိမ်ပြန်လိမ်းပေးဖို့ လိုပါတယ်။

(၄) ရေများများသောက်ပါ/Humidifiers သုံးပါ

ရေများများသောက်တဲ့အကျိုးက သွေးစီးဆင်းမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံမက အသားအရေအတွက်လည်းကို လိုအပ်တဲ့အစိုဓာတ်ပမဏကို ဖြည့်တင်းပေးပါတယ်။ အသားအရေက ရေဓာတ်အလုံအလောက်မရတဲ့အခါ အသားအရေ ကြမ်းတမ်းခြောက်သွေ့ခြင်းတွေ ဖြစ်လာမှာပါ။

ဒီအတွက်ကြောင့် အသားအရေကို အစိုဓာတ်ပြည့်ဝပြီး နူးညံ့ချောမွေ့နေစေဖို့ တစ်နေ့တာအတွင်းမှာ ရေများများသောက်တာ ၊ Humidifiers သုံးတာမျိုး လုပ်ပေးဖို့လိုပါတယ်။ Humidifiers က အခန်းတွင်းလေထုကို အစိုဓာတ်ကို ဖြည့်တင်းပေးပြီး အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၅) အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ

အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပေးတာက အသားအရေကို နူးညံ့ချောမွေ့ပြီး ကြည်လင်ဝင်းပစေရုံမက တင်းတင်းရင်းရင်းနဲ့ နုပျိုကျန်းမာစေပါတယ်။ အသားအရေကို အစိုဓာတ်ပြည့်ဝအောင် ထိန်းသိမ်းခြင်းဖြင့် အသားခြောက်တာ ၊ ကြမ်းတမ်းပျက်စီးတာတွေကို လျော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။