လူငယ်ကောင်မလေးတွေအတွက် Korean Ulzzang Girl လေးတွေ ပြင်နေကျဖြစ်တဲ့ ချစ်ဖို့ကောင်းတဲ့ဆံပင်ပြင်ဆင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ကို အမြဲတမ်းဖားလျားမချပဲ အမျိုးမျိုးပြင်ဆင်ရတာကို ကြိုက်တယ်ဆိုရင်တော့ ဒီဆံပင်ပြင်ဆင်ပုံလေးတွေ Hairstyle လေးတွေက အသုံးဝင်စေမှာပါ။

ကျစ်ဆံမြီးနှစ်ဖက်ကို ဒီလိုကျစ်တာမျိုးလေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ကျစ်ဆံမြီးကျစ်ရင် လူကြီးဆန်ပြီး မျက်နှာပိုကြီးသလိုဖြစ်စေပေမယ့် ဒီလိုကျစ်တာမျိုးလေးဆိုရင်တော့ မဖြစ်ပါဘူး။

ဆံပင်ရှည်တယ်ဆိုရင် ကျစ်ဆံမြီးကို ဒီလိုမျိုးလေးလည်း ကျစ်ကြည့်ပါ။ တစ်မျိုးလေးဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ပုံမှန်ဆိုရင် ကျစ်ဆံမြီးကို နှစ်ဖက်ခွဲကျစ်လိုက်၊ အနောက်မှာစုကျစ်လိုက်နဲ့ ရိုးနေပါပြီ။ ဒါကြောင့် ဒီလိုမျိုးလေးလည်း ပြောင်းလုပ်ကြည့်ပါ။

Dress လေးတွေဝတ်တဲ့အခါကျရင် ဆံပင်ကို ဒီလိုမျိုးလေးလည်း ပြင်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ မျက်နှာသေးသေးလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။

ဆံပင်ကို တစ်ဝက်မစည်းပဲ နည်းနည်းလေးယူပြီးစည်းပါ။ ပြီးရင် ဒီလိုဖဲပြားကလစ်လေးတွေကို အပေါ်နားတိုးပြီးတပ်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆံပင်မှာ ကလစ်လေးနှစ်ဖက်ကို ဒီလိုမျိုးတပ်တာဆိုရင်တော့ တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ K-pop Idols တွေလည်း ပြင်လေ့ရှိတဲ့ ဆံပင်ပုံစံလေးပါ။ အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

မျက်နှာသေးသေးလေးတွေဆိုရင် ဆံပင်ကိုဒီလိုလေး နောက်မှာချည်ပြီးထုံးထားပါ။ ဖဲပြား (သို့) အလှကြိုးလေးတွေ၊ ကလစ်လေးတွေတပ်လိုက်မယ်ဆိုရင် ပိုပြီးချစ်ဖို့ကောင်းသွားမှာပါ။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် အတွင်းမှာ ကျစ်ဆံမြီးသေးသေးလေးကျစ်ထားပြီး ကလစ်လေးတွေကိုတပ်ထားတာက အရမ်းချစ်ဖို့ကောင်းပါတယ်။ ဓာတ်ပုံရိုက်ရင် အရမ်းချစ်ဖို့ကောင်းနေမယ့် Hairstyle လေးပါ။

ဆံပင်ကို အပြောင်းသိမ်းပြီး ဖဲပြားပါတဲ့ ဘီးကုတ်လေးတွေတပ်မယ်ဆိုရင်လည်း မျက်နှာရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ဆံပင်ကို ခုနကလိုအပြောင်းမသိမ်းပဲ ဒီလိုပုံစံလေးကောက်ပြီး ဘီးကုတ်တပ်တာမျိုးဆိုရင် ကိုရီးယားမလေးတွေ ပြင်နေကျ Hairstyle မျိုးလေးပါပဲ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com