ရုံးတက်နေရတဲ့သူတွေအတွက် ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းတဲ့ office wear fashion တွေကို မျှဝေပေးလိုက်ပါတယ်။ အမြင်လည်းမိရိုင်းပဲ ချစ်ဖို့ကောင်းတာကြောင့် အသက် ၂၀ ကျော်ကနေ ၃၀ ကျော်တွေအထိ အေးဆေးဝတ်လို့ရတဲ့ fashion တွေ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ coat လေးတွေဝတ်တာက အရမ်းခေတ်စားနေတာပါ။ ဒါကြောင့် လူငယ်ကောင်မလေးတွေဆိုရင် jean pant အပွလေးတွေနဲ့ ဒီလိုလေး တွဲဖက်ဝတ်ဆင်ကြည့်ပါ။ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းသလို fashion လည်း ကျပါတယ်။
Coat ကို jean pant နဲ့မဝတ်ပဲ ဒီလို style pant လေးတွေနဲ့ တွဲဝတ်လို့လည်း ရပါတယ်။ ဒီ fashion လေးဆိုရင် အသက် ၂၀ ကျော်ကနေ ၃၀ ကျော်တွေအထိ အရမ်းလိုက်ဖက်တဲ့ fashion ဖြစ်ပါတယ်။ လုံးဝကို ကိုရီးယား office wear fashion လေးပါပဲ။
ခြေမျက်စိအထက်နားရောက်တဲ့ ဒီလို style pant လေးတွေက ဝတ်လိုက်ရင် ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ သူ့ကို ရှပ်အင်္ကျီလေးတွေနဲ့သာ ဒီလိုတွဲဝတ်လိုက်ရင် ရိုးရိုးလေးနဲ့ fashion ကျပြီး ချစ်ဖို့ကောင်းနေမှာပါ။ ဒါလည်း ကိုရီးယား office wear fashion လေးပါပဲ။
ပေါ့ပေါ့ပါးပါးလေးဝတ်ချင်ရင် ဒဲ့ပွ jean အဖြူရောင်လေးကို အပေါ်ကနေ ပေါ့ပါးတဲ့ ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ရိုးရိုးလေးနဲ့ချစ်ဖို့ကောင်းတဲ့ ကိုရီးယား fashion လေးဖြစ်ပါတယ်။
ဒဲ့ပွ jean အဖြူရောင်လေးကို body fit အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး ပုဝါလေး ဒီလိုချည်ထားတာမျိုးက တည်ငြိမ်တဲ့ပုံစံမျိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ကိုရီးယား fashion လေးဖြစ်တဲ့အပြင် လူငယ်၊ လူကြီး အားလုံးနဲ့ အဆင်ပြေတဲ့ fashion မျိုးပါ။
စကပ်လေးတွေဝတ်ရတာကြိုက်ရင် ဒူးဖုံးတဲ့စကပ်လှလှလေးတွေကို ဒီလို office wear အင်္ကျီလေးတွေနဲ့သာ တွဲဝတ်ပါ။ တည်ငြိမ်ပြီး အရမ်းလှတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ အသက် ၃၀ ကျော်တွေနဲ့တော့ အလိုက်ဖက်ဆုံးပါပဲ။
ခြေမျက်စိအထက်နားရောက်တဲ့ style pant လေးတွေကို ရှပ်အင်္ကျီလက်ရှည်တွေနဲ့ တွဲဝတ်ပြီး လည်ပင်းမှာ ပုဝါလေးပတ်လို့လည်း ရပါတယ်။ တည်ငြိမ်ပြီး ကိုရီးယားဆန်တဲ့ office wear fashion ဖြစ်တာကြောင့် အသက် ၃၀ ကျော်တွေနဲ့ဆို ပိုလိုက်ဖက်ပါတယ်။
အခုနောက်ပိုင်းခေတ်စားနေတဲ့ bell pant jean တွေကို အပေါ်ကနေ crop coat လေးတွေနဲ့ တွဲဝတ်လိုက်ရင် fashion တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ Office wear fashion အတွက်လည်း အရမ်းလိုက်ဖက်ပါတယ်။
Pant အပွလေးတွေကို မိန်းကလေးဆန်တဲ့အင်္ကျီလေးတွေနဲ့ တွဲဝတ်တာကလည်း office wear fashion တစ်မျိုးပါပဲ။ အသက် ၂၀ ကျော်ကနေ ၃၀ ကျော်တွေအထိ လိုက်ဖက်တဲ့ fashion ပါ။
photo source:www.pinterest.com