အားလုံးပဲ မင်္ဂလာပါနော်။ ကိုးရီးယားအဆိုတော်မလေး Lee Mijoo ကိုတော့ ၂၀၁၄ ခုနှစ်ကပွဲဦးထွက်ခဲ့တဲ့ Lovelyz အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် Kpop ပရိသတ်တော်တော်များများ မျက်မှန်းတန်းမိကြမှာပါ။ သူမဟာ အဖွဲ့နဲ့အတူ ဖျော်ဖြေခဲ့စဉ်က ဓာတ်ပုံရိုက်ခံဖို့ ထွက်လာတိုင်း ထူးထူးဆန်းဆန်း Pose တွေနဲ့ လူတိုင်း အပျော်တွေ ကူးစက်သွားအောင် လုပ်တတ်သူမို့ ပရိသတ်တွေက Pose ပေးကြမ်းပြီး ယုံကြည်မှုအပြည့်ရှိတဲ့ Idol တစ်ဦးအဖြစ် သတိထားမိကြပါတယ်။


ဒီလိုဟာသဉာဏ်လည်းရှိပြီး Social ကောင်းသူမို့ Sixth Sense Season 1,2 & 3, TMI News Show, Idol Dictation Contest Season 1, Hangout With Yoo, Witch Hunt Season 3 စတဲ့ နာမည်ကြီး Variety Show တွေမှာ Host တစ်ဦးအနေနဲ့ နာမည်ရနေသူလေးဆိုရင်လည်း မမှားပါဘူး။


၂၀၂၃ ခုနှစ်ထဲမှာ တစ်ကိုယ်တော်အဆိုတော်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့ပြီး မကြာသေးခင်က သီချင်းသစ်နှစ်ပုဒ်လည်း ထွက်ရှိထားပါသေးတယ်။ အသက် ၂၈ နှစ်လို့ မထင်ရအောင် နုပျိုတဲ့သူမဟာ ဖက်ရှင်ပိုင်းမှာတော့ ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနဲ့လိုက်ဖက်အောင် ဝတ်ဆင်လေ့ရှိသူပါ။


ကင်မရာရှေ့အမြဲ ယုံကြည်မှုရှိရှိနေတတ်တဲ့သူမဟာ ရိုက်သမျှပုံတိုင်းအထာကျနေအောင် Pose ပေးတတ်တာမို့ သူမရဲ့ Pose ပေးနည်းတွေက ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံလေးတွေ ရိုက်ချင်သူတွေ Idea ယူနိုင်ဖို့ ကွက်တိပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာ အဆိုတော်မလေး Mi Joo ရဲ့ အထာကျကျ Pose ပေးနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရှေ့တည့်တည့်ကရိုက်တဲ့အခါ သူမလို မခို့တရို့လေးရှက်နေသလို Pose လေးလုပ်ကြည့်ပါနော်။


ထိုင်ပြီးရိုက်မယ်ဆိုရင် ခြေထောက်ကို Crossing ပုံစံချိတ်ထားတာလေးက ပိုကြည့်ကောင်းပါတယ်။


ဆံပင်သပ်နေတဲ့ Pose လေးက မိန်းကလေးဆန်တာမို့ လူတိုင်းနဲ့လိုက်ဖက်ပြီး ပုံထွက်ကောင်းမှာပါနော်။


ပါးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်နဲ့ကပ်ပြီး Pose ပေးတဲ့ပုံစံလေးက သင့်မျက်နှာကို ပန်းကလေးတစ်ပွင့်လို ချစ်စရာကောင်းသွားစေမှာပါ။


ချစ်စရာလည်းကောင်း ဆွဲဆောင်မှုလည်းရှိနေဖို့ Mi Joo လို မျက်စိလေးတစ်ဖက်မှိတ်ပြီး ရိုက်ကြည့်ပါနော်။


မေးထောက်ရင်း တစ်ဖက်ကို စုပုတ်ပုတ်လေးကြည့်နေတဲ့ပုံစံလေးကလည်း ကလေးလေးလို ချစ်စရာကောင်းနေမှာပါ။


သူမလို နှုတ်ခမ်းစူရင်း ရှေ့နည်းနည်းတိုးကာချစ်စရာကောင်းအောင် ရိုက်ကြည့်ပါနော်။


ခန္ဓာကိုယ်ကို ကင်မရာနဲ့တစ်စောင်းလေးလှည့်ရင်း လှည့်ကြည့်နေတဲ့ Pose လေးကလည်း ထွေထွေထူးထူးလုပ်စရာမလိုဘဲ ဆွဲဆောင်မှုရှိစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar