မော်ဒယ်တွေရဲ့ ဗိုက်က အဆီမရှိဘဲ ကျစ်လစ်နေတတ်ပါတယ်။ ဒီလိုကျစ်လစ်နေဖို့ လေ့ကျင့်ခန်းလုပ်ပေးရပါတယ်။ သင်က ကိုးရီးယားမော်ဒယ်တွေရဲ့ ဗိုက်သားလို အဆီမရှိဘဲ ချပ်ချပ်ရပ်ရပ်ရှိချင်ရင်တော့ ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။
၁။ Elevated Mountain Climber
Photo Source: Gfycat
- အောက်က ပစ္စည်းတစ်ခုခံထားပြီး လက်ကို ဒီအပေါ် တင်ပေးပါ။
- မှောက်ခုံပုံစံနဲ့ ဒူးကို ရင်ဘတ်ဆီရောက်အောင် ကွေးပေးရပါမယ်။
- ဒါကို အခါ ၅၀ လေးကြိမ်လုပ်ပေးရပါမယ်။
၂။ Standing Side Crunch
Photo Source: Pinterest
- မတ်တပ်ရပ်အနေအထားနဲ့ လက်နှစ်ဖက်ကို ခေါင်းဘေးမှာ ထားပေးရပါမယ်။
- ပြီးနောက် ဘယ်ဘက် ဒူးကို မြှောက်ပြီး ခါးစောင်းပေးရပါမယ်။
- ညာဘက်ကိုလည်း ဒီလိုပဲ လုပ်ရပါမယ်။
- ဒါကို တစ်ဖက်စီ အခါ ၆၀ နဲ့ ၄ ခါ လုပ်ပေးရပါမယ်။
၃။ Reverse Crunch
Photo Source: Gfycat
- အိပ်လျက်နဲ့ ဒူးကို မြှောက်ပေးရပါမယ်။
- ပြီးနောက် ဗိုက်နဲ့ ဒူးကို အားပြုပြီး အိပ်ထမတင်လုပ်ရပါမယ်။
- ဒါကို အခါ ၄၀ ၄ ကြိမ်လုပ်ပေးရပါမယ်။
၄။ Starfish Crunch
Photo Source: Pinterest
- အိပ်လျက်နဲ့ လက်နဲ့ခြေထောက်ကို ဆန့်ပေးရပါမယ်။
- ပြီးနောက် ခြေထောက်ကို မြှောက်ပြီး ဆန့်ထားတဲ့လက်နဲ့ ထိပေးရပါမယ်။
- ဒါကို အခါ ၂၀ (၄) ကြိမ်လုပ်ပေးရပါမယ်။
၅။ Plank
Photo Source: Popsugar
- 1 မိနစ် လေးခါ Plank ထောက်ပေးရပါမယ်။
By MyStyle Myanmar