မျက်ရစ်မရှိတဲ့ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ Korean Makeup Look ပြင်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ မျက်ရစ်မရှိလည်း မိတ်ကပ်သေချာပြင်တတ်ဖို့ပဲ လိုပါတယ်။

ကိုယ်လိမ်းနေကျ foundation ကိုလိမ်းပြီး contouring နဲ့ နှာတံဖော်ပါမယ်။

မိတ်ကပ်ရောင် (သို့) peach color လေးနဲ့ ပါးနီခြယ်ပါမယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ brush နဲ့ ဖြီးပြီးမှဆွဲပေးပါ။ ဆွဲပြီးရင်လည်း brush နဲ့ ပြန်ဖြီးပါ။

Peach color eyeshadow ကိုယူပြီး မျက်ခွံပေါ်မှာခြယ်ပေးပါ။

Nude color eyeshadow ကိုယူပြီး မျက်လုံးအောက်နားကို ခြယ်ပေးပါ။

Brown color eyeshadow ကိုယူပြီး မျက်ခွံထောင့်လေးမှာ ထပ်ခြယ်ပေးပါ။

Brown color glitter eyeshadow ကိုယူပြီး မျက်ခွံပေါ်မှာ ထပ်ခြယ်ပေးပါ။

မျက်လုံးအရှေ့ထောင့်မှာ အဖြူရောင် glitter လေး ခြယ်ပေးပါ။

မျက်လုံးခြယ်လို့ပြီးရင် eyeliner ဆွဲပါမယ်။ eyeliner ကို ထူထူရှည်ရှည်လေးဆွဲပေးပါ။

အားလုံးပြီးရင်တော့ ပေါင်ဒါပုတ်ပေးပါ။ ပြီးမှ mascara နဲ့ မျက်တောင်ကော့ပါမယ်။

နှုတ်ခမ်းနီကိုတော့ အညိုနဲ့ပန်းရောင် ရောထားတဲ့အရောင် (သို့) အညိုရောင်အဖျော့လေး ဆိုးပေးရင် ပိုလှပါတယ်။

နောက်ဆုံးမှာတော့ setting spray နဲ့ မျက်နှာကိုဖြန်းပေးပါ။

ဒါဆိုရင်တော့ မျက်ရစ်မရှိတဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ Korean Makeup Look လေးကိုရသွားပြီပဲဖြစ်ပါတယ်။

source:www.elainepark