အခု ဆောင်းရာသီလည်းဝင်လာပြီဆိုတော့ လူငယ်ကောင်မလေးတွေအတွက် ဆောင်းရာသီနဲ့လိုက်ဖက်ပြီး ဆောင်းရာသီ နတ်ဘုရားမလို ခံစားရစေမယ့် Korean Makeup Looks လေးတွေ ဝေမျှပေးချင်ပါတယ်။ ဆောင်းတွင်းရဲ့ မှော်ဆန်တဲ့အလှကို အတူတူပုံဖော်ကြည့်ရအောင် –

ဒီလိုလိမ္မော်ဘက်ဖောက်တဲ့ အရောင်လေးတွေနဲ့ ပြင်ထားတဲ့ Look က အေးနေတဲ့ပတ်ဝန်းကျင်နဲ့ လိုက်ဖက်လွန်းပါတယ်။

ဒီလို Natural Look လေးကိုမှ Matte နှုတ်ခမ်းနီလေး တွဲဆိုးကြည့်ပါ။ ဆွဲဆောင်မှုရှိတဲ့ ခံစားချက်ကို ရမှာအသေချာပါ။

ဆွဲဆောင်မှုရှိပြီး နွေးထွေးတဲ့ပုံစံပေါ်စေတဲ့ ဒီလို Look လေးတွေကတော့ ပေါ့ပေါ့ပါးပါးနဲ့ လှနေပါတယ်။

ညနေခင်းပွဲတစ်ခု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ Night Out ထွက်တဲ့အချိန်မျိုးတွေဆို ဒီလို Smokey Eye ပါးပါးလေးခြယ်ကြည့်ပါ။

ဒါမှမဟုတ် ဒီလို ပြိုးပြိုးပြက်ပြက်လက်နေတဲ့ Shimmer လေးတွေလည်း ခြယ်လို့ရပါတယ်။

ဒီလို Glass Look လေးတွေက ချစ်ဖို့ကောင်းပြီး အပြစ်ကင်းတဲ့ပုံစံလေးမလို့ ဆယ်ကျော်သက်ကောင်မလေးတွေ စမ်းကြည့်သင့်တဲ့ Look ပါ။

ဒီလိုချစ်ဖို့ကောင်းတဲ့ စတိုင်လ်လေးလောက် ရိုးရိုးရှင်းရှင်းလေးနဲ့ လန်းတာမရှိပါဘူး။