ဆံပင်ပန်းရောင်ဆိုးထားတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ Korean Look Makeup ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Cushion or Foundation အရင်လိမ်းပါမယ်။

မျက်ခုံးမွှေးကို ဆံပင်အရောင်နဲ့လိုက်ဖက်တဲ့ အရောင်နဲ့ ဆွဲပါမယ်။ ဆံပင်က ပန်းရောင်ဖြစ်တဲ့အတွက် ပန်းရောင်နဲ့နီးစပ်တဲ့ Eyeshadow အရောင်လေးကိုသုံးပြီးတော့ မျက်ခုံးမွှေးဆွဲထားပါတယ်။

အညိုရောင် Brow Gel နဲ့ မျက်ခုံးမွှေးကိုဖြီးပါမယ်။

ပါးနီကို မိတ်ကပ်ရောင်အဖျော့လေး ခြယ်ပါမယ်။

Eyeshadow Base ကို အညိုရောင်ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုပါ ပါးပါးလေးခြယ်ပေးပါ။

ခဲရောင်အရင့် Eyeshadow ကို Brush အပြားလေးနဲ့ယူပြီး မျက်လုံးထောင့်စွန်းမှာ Eyeliner ပါးပါးလေး ဆွဲပေးပါ။

ရွှေရောင် Glitter Eye Gel လေးကို မျက်လုံးအောက်နားနဲ့ မျက်လုံးထိပ်အစွန်းလေးကို နည်းနည်းခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ ဆံပင်အရောင်နဲ့လိုက်ဖက်အောင် Mascara ကိုလည်း အညိုရောင်ပဲ သုံးထားပါတယ်။

မျက်ခွံကို Glitter Eyeshadow နည်းနည်းခြယ်ပေးပါ။ ဒါမှ ပိုလင်းပြီး လှသွားမှာပါ။

Highlighter ကိုတော့ အဖြူဘက်သွားတဲ့အရောင်လေး သုံးထားပါတယ်။ ပါးရိုးနှစ်ဖက်၊ နှာတံနဲ့ မေးစိနေရာလေးတွကို ခြယ်ပေးပါ။

မျက်နှာလေးလင်းပြီး ပိုလူငယ်ဆန်သွားအောင် နှုတ်ခမ်းနီကို လိမ္မော်ဖောက်တဲ့ အရောင်တောက်တာလေးပဲ ဆိုးထားပါတယ်။

ဒါဆိုရင်တော့ ဆံပင်ပန်းရောင်ဆိုးထားတဲ့ ကောင်မလေးတွအတွက် လှပပြီး ချစ်ဖို့လည်းကောင်းတဲ့ Korean Look လေးကို ရရှိသွားပါပြီ။