သင်က နှုတ်ခမ်းနီကို ဘယ်လိုပုံစံဆိုးလေ့ရှိသူလဲ။ အရင် Lip Liner ဆွဲပြီး အထဲဖြည့်တဲ့ သူလား၊ ဒါမှမဟုတ် Lipstick ကို သုံးပြီး နှုတ်ခမ်း အပြည့် ဆိုးလေ့ရှိသူလား၊ ဒီလိုမဟုတ်ဘဲ အခုနောက်ပိုင်း ပျိုမေတို့ကြား ရေပန်းစားတဲ့ ကိုးရီးယား စတိုင် တစ်ဝက် နှုတ်ခမ်းနီ ဒီဇိုင်း ဆိုးတတ်သူလား။ ဘယ်လိုပုံစံပဲ​ ဖြစ်ဖြစ် နှုတ်ခမ်းနီဆိုးနည်းကို သေချာသိမှ ပိုလှတဲ့ နှုတ်ခမ်းပုံစံ ရမှာပါ။ တစ်ဝက်ပဲ ဆိုးတဲ့ နှုတ်ခမ်းနီ စတိုင်က သင့်ကို ပိုငယ်တဲ့ ပုံစံရစေပြီး နှုတ်ခမ်းဖူးဖူးလေး ပိုင်ဆိုင်စေပါတယ်။

ဒီတော့ ကိုးရီးယားဆန်ဆန် နှုတ်ခမ်းနီ ဆိုးချင်သူတွေအတွက် အဆင်ပြေမယ့် အဆင့် တွေကို ဖော်ပြပါရစေ။

၁။ Concealer အဆင့်

Photo Source: Her World Singapore

နှုတ်ခမ်းအပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဖျော့ဖျော့လေးရအောင် Concealer နဲ့ ခြယ်ပေးရပါမယ်။ ဒီလို ဖျော့ဖျော့လေးရမှ အရောင်ပိုမှန်တာပါ။ Concealer ကို နှုတ်ခမ်းအပေါ်နဲ့ အောက်မှာ ပါးပါးလေး လိမ်းပေးရပါမယ်။

၂။ Matte Nude Lipstick

အရောင်အောက်ခံအနေနဲ့ Nude ရောင် နှုတ်ခမ်းနီကို ဆိုးပေးရပါမယ်။ ဒီလိုဆိုးတဲ့အခါ မညီလည်း ကိစ္စမရှိသေးပါဘူး။ နှုတ်ခမ်းထိပ်ဖူးလေးကိုပါ ဆိုးပေးရပါမယ်။

Photo Source: Daily Vanity

၃။ သေချာ Blend လုပ်ပါ

ဆိုးထားတဲ့ Nude နှုတ်ခမ်းနီကို နှုတ်ခမ်းအနှံ့ပြန့်သွားအောင် လက်နဲ့ Blend တာ ဒါမှမဟုတ် Lip Brush နဲ့ Blend တာမျိုး လုပ်ပေးရပါမယ်။ အထူးသဖြင့် အပြင်ဘက်ကျတဲ့ နေရာတွေပါ။

၄။ အရောင်တူတဲ့ Blush or Eyeshadow နဲ့

Photo Source: Pinterest

ဒီ Matte Lipstick နဲ့ အရောင်တူတဲ့ ပါးနီ ဒါမှမဟုတ် Eyeshadow ကို Brush နဲ့ ယူကာ နှုတ်ခမ်း လိုင်းကို ပါးပါးလေး ခြယ်ပေးရပါမယ်။ အသားနဲ့ နှုတ်ခမ်းစပ်ကြားက အကြည်လေးပေါ် ခြယ်ရမှာပါ။ တကယ်လို့ ပိုခြယ်မိသွားရင် Concealer နဲ့ ပြန်အုပ်နိုင်ပါတယ်။

၅။ အပေါ်တစ်ရောင်ထက် ပိုရင့်တဲ့ နှုတ်ခမ်းနီ

Photo Source: YouTube

ဒီအဆင့်မှာတော့ အပေါ်က Matte အရောင်ထက် ပိုအရောင်ရင့်တဲ့ နှုတ်ခမ်းနီကို သုံးပေးရပါမယ်။ ဒီနှုတ်ခမ်းနီကို နှုတ်ခမ်းအတွင်းသားမှာ သေချာညီအောင် ဆိုးပေးရပါမယ်။

၆။ သေချာ Blend ပါ

နှုတ်ခမ်းအတွင်းဘက်ကနေ အပြင်ဘက် ထွက်လွန်းတာမျိုး မဖြစ်အောင် လက် ဒါမှမဟုတ် Brush နဲ့ Blend ပေးရပါမယ်။

၇။ Lipgloss

Photo Source: Pinterest

နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းအတွင်းသားဘက်ကို Lipgloss နဲ့ ထပ်ဆိုးပေးရပါမယ်။

ဒါဆိုရင်တော့ သင်လိုချင်တဲ့ ကိုးရီးယားဆန်ဆန် နှုတ်ခမ်းနီ ပုံစံကို ပိုင်ဆိုင်နိုင်ပါပြီ။

By MyStyle Myanmar