မင်္ဂလာပါနော်။ ကိုးရီးယားနိုင်ငံဟာဆိုရင် နာမည်ကြီး မိတ်ကပ်ပညာရှင်များစွာရှိတဲ့အပြင် Kpop Idol လို မိတ်ကပ်အမြဲလိမ်းရတဲ့ အနုပညာရှင်တွေလည်းများတာမို့ ကိုးရီးယား မိတ်ကပ် Trend တွေက လူငယ်တွေကြား အရမ်းရေပန်းစားပါတယ်။ သူတို့ရဲ့ မိတ်ကပ် Look တော်တော်များများက မိတ်ကပ်အရမ်းထူသလိုမမြင်ရဘဲ ပါးပါးလေးနဲ့ မျက်နှာအစိတ်အပိုင်းလေးတွေ ထင်းနေအောင် အသားပေးပြင်တဲ့ပုံစံမျိုးပါ။ ဒါကြောင့်မို့ ကိုးရီးယား Makeup Look တွေ ပြင်ချင်တဲ့ပျိုမေတို့အတွက် Jelly တုံးလေးလို ဖူးဖူးအိအိနဲ့ အရောင်ပြောင်လဲ့လဲ့လေးတောက်နေမယ့် နှုတ်ခမ်းနီဆိုးနည်းကို မျှဝေပေးလိုက်ပါတယ်။

ဒီ Look အတွက် ပထမဆုံး နှုတ်ခမ်းကို အစိုဓာတ်ပေးဖို့လိုတာမို့ Lip Balm တစ်မျိုး ဆိုးပေးရပါမယ်။ အစိုဓာတ်အပြင် နှုတ်ခမ်းသားကိုပါ တင်းတင်းလေးဖြစ်စေမယ့် ပစ္စည်းမျိုးသုံးပေးပါ။

နောက်တစ်ဆင့်ကတော့ ကိုယ်ဆိုးမယ့်နှုတ်ခမ်းနီ အရောင်မှန်ဖို့ Concealer ကို အောက်ခံအနေနဲ့ အနည်းငယ်လိမ်းပေးတာပါ။ ပုံထဲကလို ပမာဏလောက်လိမ်းပြီး သေချာလေး Blend လုပ်ပေးဖို့လိုပါမယ်။

Tint ဆိုးရမယ့် အဆင့်ရောက်ပါပြီ။ စိုစိုရဲရဲ Tint အရောင်လေးရွေးပြီး နှုတ်ခမ်းအတွင်းသား အလယ်လေးမှာ ဆိုးပြီး အရောင်ပြန့်သွားအောင် နှုတ်ခမ်းအပေါ်အောက်ဖိပြီး ဖြန့်ပေးပါ။ ကိုယ်လိုချင်တဲ့ အရောင် အနေအထားပေါ်မူတည်ပြီး တစ်ထပ်၊ နှစ်ထပ် ထပ်ဆိုးပေးနိုင်ပါတယ်။ ထင်းထင်းလေးရချင်ရင် သုံးထပ်လောက်ဆိုးပေးပါ။

နောက်ဆုံးအနေနဲ့ Gloss ဖြစ်တဲ့ နှုတ်ခမ်းနီစိုစိုလေးနဲ့ ပိတ်ပါမယ်။ ဆိုးထားတဲ့ Tint အပေါ်ကနေ Lip Gloss တစ်မျိုးကို စိုစိုကြည်ကြည်လေးရအောင် ခပ်ထူထူဆိုးပေးလိုက်ပါ။ အရောင်လက်လက်လေးတွေပါတဲ့ Gloss နှုတ်ခမ်းနီတွေဆို ပိုလှပါတယ်။ ဒီလိုလေးဆိုးပြီးပြီဆိုရင်တော့ ကိုးရီးယားမလေးတွေလို စိုစိုဖူးဖူးနဲ့ ချစ်စရာကောင်းတဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်သွားပါပြီ။

Photo Source: preview.ph

By MyStyle Myanmar