ဆွဲဆောင်မှုရှိပြီးလှတဲ့ korean flirty makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး foundation လိမ်းပါမယ်။

Concealer နဲ့ အမဲစက်နေရာ၊ မျက်ကွင်းညိုတဲ့နေရာလေးတွေကို လိမ်းပေးပါ။

မိတ်ကပ်သားသိပ်သိပ်လေးနဲ့ ပိုလှသွားအောင် powder လိမ်းပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာ ကိုယ့်ဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့အရောင်ကို သုံးပေးပါ။

အသားရောင်လိုမျိး light color လေးကို မျက်ခွံမှာခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုလည်း ခြယ်ပါမယ်။ ပြီးရင် သူ့ထက်နည်းနည်းလေးရင့်တဲ့ အရောင်ကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။ ပြီးရင်တော့ eyeshadow brush နဲ့ ခြယ်ထားတာကို blending လုပ်ပေးပါ။

အညိုကိုမှ အနီသမ်းတဲ့ dark color ကို မျက်ရစ်လိုင်းနား ခြယ်ပါမယ်။ မျက်လုံးအောက်နားနဲ့ မျက်ရစ်လိုင်းနားကို ထပ်ခြယ်ပါမယ်။

Eyeliner ကို ပုံမှာပြထားသလိုလေး ဆွဲပေးပါ။

အညိုရောင် eyeshadow နဲ့ မျက်လုံးအောက်နားကိုလည်း eyeliner ဆွဲထားတာနဲ့အပြိုင် ဆွဲပါမယ်။

ရွှေရောင် (သို့) rose gold color လေးကို ဆွဲထားတဲ့အောက်နားလေးမှာ ခြယ်ပါမယ်။

အပေါ်မျက်တောင်နဲ့ အောက်မျက်တောင်ကို mascara နဲ့ကော့ပါမယ်။

Contouring (သို) eyeshadow အသားရောင်နဲ့ နှာတံဖော်ပါမယ်။

ပါးနီကို ပန်းရောင် (သို့) peach color လေး ခြယ်ပါမယ်။

Rose gold highlighter လေးနဲ့ နှာတံနဲ့ မျက်လုံးထောင့် ထိပ်နားလေးကို တို့ပေးပါ။

နှုတ်ခမ်းနီကိုတော့ အနီရောင် lip tint လေး အရင်ဆိုးပါမယ်။ ပြီးမှ နှုတ်ခမ်းနီအနီကို အပေါ်က ထပ်ဆိုးပါမယ်။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီးလှတဲ့ korean flirty makeup look ကို ရရှိသွားပါပြီ။