ဘောင်းဘီရှည်ဝတ်ရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ ကိုရီးယားဆန်တဲ့ ဖက်ရှင် Outfit တွေ ဝတ်ရတာလည်း ကြိုက်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးတွေကို Try ကြည့်လိုက်တော့နော်။

ဒီဖက်ရှင်မှာဆိုရင် ဂျင်းဘောင်းဘီအရှည်နဲ့ Cardigan Set လေး ဝတ်ထားတာက ရိုးရှင်းပါတယ်။ ဒါပေမယ့် ဖိနပ်ကြောင့် ဝတ်ထားတဲ့ဖက်ရှင်ကို ပိုပြီးကိုရီးယားဆန်သွားစေတာပါ။

ကိုရီးယားမလေးတွေဝတ်တဲ့ ပေါ့ပါးတဲ့ဖက်ရှင်လေးပါ။ ချစ်ဖို့လည်းကောင်းပါတယ်။

အထာကျကျလေးဝတ်ရတာလည်း ကြိုက်တယ်၊ ကိုရီးယားဖက်ရှင်လေးလည်း ကြိုက်တယ်၊ ဘောင်းဘီရှည်ဝတ်ရတာလည်း ကြိုက်တယ်ဆိုရင်တော့ ဒီလိုဖက်ရှင်လေးကိုသာ ဝတ်ကြည့်ပါ။ လူငယ်ဆန်ပြီး မိုက်ပါတယ်။

အင်္ကျီအဖြူကို ဂျင်းဘောင်းဘီအဖြူနဲ့ တွဲဝတ်တာလည်း ရိုးရှင်းတဲ့ဖက်ရှင်လေးပါပဲ။ ကိုရီးယားဆန်တဲ့ Look လေးရချင်ရင်တော့ ဒီလို Boots လေးစီးလိုက်ပါ။

အထာကျကျနဲ့ မိုက်သလို လူငယ်ဆန်ပြီး ချစ်ဖို့လည်းကောင်းတဲ့ ကိုရီးယားဖက်ရှင်လေးပါ။

Freestyle ပုံစံလေးနဲ့ အထာကျတဲ့ ကိုရီးယားမလေးတွေ ဝတ်နေကျ ဖက်ရှင်လေးပါ။

ကိုရီးယားဖက်ရှင်ကြိုက်တယ်ဆိုရင် ဒီလိုလေးလည်း ဝတ်ကြည့်နော်။ ဖိနပ်ကို Boots စီးရင်တော့ ပိုမိုက်မှာပါ။

အထာကျကျ ဖက်ရှင်ကျကျလေးနဲ့မိုက်နေမယ့် ကိုရီးယား Look ဖက်ရှင်စတိုင်လ်လေးပါ။

အေးတဲ့နေရာမှာဆိုရင် ကိုရီးယားဆန်ဆန် ဒီလိုလေးဝတ်လို့ရပါသေးတယ်။ Boots အရှည်တွေက စီးလိုက်ရင် အထာကျပြီး အရမ်းမိုက်ပါတယ်။

ဒါကတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Freestyle ဖက်ရှင်လေးပါပဲ။

ဂါဝန်အရှည်ကို ဂျင်းဘောင်းဘီအရှည်နဲ့ ဒီလိုလေးလည်း တွဲဝတ်ပါသေးတယ်။ ဖိနပ်ကတော့ ဒီလို Boots စီးရင် ပိုလိုက်ဖက်မှာပါ။

Photo source:www.pinterest.com