ကိုရီးယားမှာ အသစ်ပြသမျှ ထွက်လာသမျှ ဒရမ်မာ ဇာတ်လမ်းတွဲ ကြိုက်တဲ့ စာဖတ်သူတို့အတွက် ဇာတ်ကားသစ်တွေ ကြည့်ရှုနိုင်ဖို့ လူကြိုက်များတဲ့ ဒရမ်မာ ဇာတ်လမ်းတွဲတွေကို ဒီတခါ ပြောပြပေးသွားမှာပါ။

လက်ရှိမှာပြသနေတဲ့ အာရှဒရမ်မာတွေထဲက နာမည်ကျော် ထိပ်တန်း ဒရမ်မာကားတွေထဲမှာ တောင်ကိုးရီးယား ဒရမ်မာဇာတ်ကားတွေက ထိပ်တန်းမှ ပါဝင်နေပါတယ်။

မြန်မာပရိတ်သတ်တွေ မလွတ်တမ်းကြည့်လို့ရအောင် ဇာတ်ကားကောင်းတွေကို မျှဝေပေးလိုက်တယ်နော်။

My Dearest

မကြာသေးခင်ကမှ အိမ်ထောင်ပြုထားတဲ့ မင်းသား Namgoong Min နဲ့ Hospital Playlist, The Good Bad Mother တို့နဲ့ လူသိများလာတဲ့ မင်းသမီး Ahn Eun-jin တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Ratings တွေလည်း အရမ်းကောင်းပြီး နန်းတွင်းဇာတ်လမ်းမျိုး ကြိုက်ကြသူတွေအတွက် နံပါတ်တစ်ပါ။

The Escape of the Seven

The Escape of the Seven ဇာတ်လမ်းကတော့ The Penthouse လိုမျိုး ဇာတ်လမ်းအကြမ်းစားတွေကို ကြိုက်ကြသူတွေအတွက်ကတော့ ရှယ်ပါပဲ။ Season 2 လည်း ရှိလာဦးမှာပါ။

Live Your Own Life

Live Your Own Life ဇာတ်ကားကတော့ ထွက်ထားတာ သိပ်မကြာသေးဘဲ ဇာတ်လမ်းအရှည် မိသားစုကားများကို ကြည့်ချင်တဲ့ လူကြီးတွေအတွက် သင့်တော်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ။ ဒီဇာတ်ကားထဲမှာ After School အဖွဲ့ဝင်ဟောင်း UEE က ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Strong Girl NamSoon

Strong Girl Do Bong Soon ရဲ့ အဆက်ဇာတ်လမ်းတွဲဖြစ်ပြီးတော့ ဟာသရော ရိုမန့်စ်ရော ပေါင်းစပ်ပါဝင်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးက ပျင်းစရာကောင်းမှာကို မဟုတ်ပါဘူး။

Destined with You

Destined with You ဇာတ်လမ်းတွဲကတော့ အချိုတွေနဲ့ပြည့်နေလို့ စောင်ကိုက်ပြီး ကြည့်ရမယ့် ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။

A Good Day To Be A Dog

Webtoon ကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေထဲက တစ်မျိုးအပါအဝင်ဖြစ်ပြီးတော့ ပျိုမေတို့ရဲ့ အသည်းကျော်လေး Cha Eun Woo က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပါတယ်။

Twinkling Watermelon

ဒီဇာတ်ကားလေးကတော့ ဖခင်ရဲ့ ငယ်ဘဝကို ပြန်ရောက်သွားခဲ့တဲ့ သားတစ်ယောက်က သူ့အဖေကို အမေဖြစ်သူနဲ့ ဖူးစာပါအောင် ဘယ်လိုမျိုးတွေ ကြိုးစားအားထုတ်ပြီး တစ်ဖက်မှာလည်း အိမ်ပြန်နိုင်အောင် ကြိုးစားနေတာကို ဟာသတစ်ဖုံ၊ အငိုတစ်ဖုံ ကြည့်ရှုရမှာဖြစ်ပါတယ်။

Arthdal Chronicles: The Sword Of Aramun

မင်းသား Lee Jun Ki ရော မင်းသမီး Shin Se-kyung ရော တော်တော်ကြာမှ ဇာတ်လမ်းပြန်ရိုက်ထားတဲ့ ဒီဇာတ်ကားကလည်း ခံစားချက်တစ်မျိုးကို ပေးစွမ်းနိုင်မှာပါ။