သင့်မျက်နှာ ပုံစံနဲ့ ဆံပင် တိုတိုပုံ မလိုက်ဘူးလို့ ထင်ပါသလား။ ဘယ်လိုမျက်နှာပုံစံနဲ့မဆို ဆံပင်တိုတိုလေးနဲ့ လိုက်ဖက်တဲ့အကြောင်း သက်သေပြလိုက်တဲ့ကိုးရီးယားအနုပညာရှင်တွေရှိပါတယ်။ သူတို့ရဲ့ ဆံပင်ကေကိုကြည့်လိုက်ရင် သင်နဲ့လည်းလိုက်ဖက်တယ်ဆိုတာ သင်လက်ခံလာနိုင်ပါတယ်။
ဘယ်လိုပုံလေးတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
Han Ye Seul
သူ့ရဲ့ စိန်တုံးလိုပုံစံ မျက်နှာနဲ့ အခုလို ဆံပင်တိုတိုနဲ့လိုက်ဖက်တယ်လို့ သက်သေပြလိုက်သူပါ။
Nana
သူ့ရဲ့ လေးထောင့်ပုံ မျက်နှာနဲ့လည်း ဒီလိုဆံပင်ကေကလိုက်ဖက်နေပါတယ်။
Hyerim
အသည်းပုံ မျက်နှာကျပုံစံနဲ့လည်း လိုက်ဖက်ပါတယ်။
Krystal
ဘဲဥပုံ မျက်နှာကျပုံလေးပိုင်ဆိုင်ထားတဲ့ Krystal နဲ့လည်း စိတ်ပူစရာမလိုတော့ပါဘူးနော်။
Jang So Hee
သူ့ရဲ့ မျက်နှာဝိုင်းဝိုင်းပုံနဲ့လည်း အခုလို ဆံပင်တိုတိုက လိုက်ဖက်မှုရှိပါတယ်နော်။
Shin Min Ah
သူ့လိုပဲ လေ့ထောင့်ကျကျ မျက်နှာနဲ့လည်း လိုက်ဖက်တဲ့ ဆံပင်ကေပါ။
Yoona
ကြက်ဥပုံ မျက်နှာကျပုံလေး ပိုင်ဆိုင်ထားတဲ့ Yoona နဲ့လည်း ဒီလိုဆံပင်ကေကလိုက်ဖက်ပါတယ်နော်။