အားလုံးပဲ မင်္ဂလာပါ။ သင်က မျက်ရစ်မပေါ်တဲ့ မျက်ဝန်းလေးတွေ ပိုင်ဆိုင်ထားသူလား။ မျက်ရစ်မပေါ်တဲ့အခါ မျက်လုံးကျဉ်းသွားသလိုမြင်ရတာမို့ တော်တော်များများက ဒီလိုမျက်လုံးမျိုးကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ပရိသတ်တွေချစ်ရတဲ့ ကမ္ဘာကျော် ကိုးရီးယားအနုပညာရှင်အချို့ဟာလည်း မျက်ရစ်မပါတဲ့သူတွေဖြစ်ကြတာမို့ သင့်အနေနဲ့ တကယ်တမ်းအလှပျက်မှာ စိတ်ပူစရာမလိုပါဘူးနော်။ ကိုယ်နဲ့လိုက်တဲ့ Eye Makeup လေးတွေ ပြင်ပေးရုံနဲ့ မျက်ရစ်မပါမှန်း မသိသာတော့အောင် ပြောင်းလဲနိုင်မှာပါ။
ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ မျက်ရစ်မရှိကြတဲ့ ကိုးရီးယား Cele တွေနဲ့ သူတို့ရဲ့ အရမ်းလှတဲ့ Eye Makeup Look လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ပျိုမေတို့ကိုယ်တိုင် Inspire ယူပြီးလိုက်ပြင်နိုင်မယ့် ပုံစံလေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-
မင်းသမီး Kim Go Eun
တစ်ချိန်က “Goblin” ဇာတ်လမ်းတွဲနဲ့လူကြိုက်များခဲ့ပြီး လက်ရှိ “Little Women” ဇာတ်လမ်းတွဲနဲ့ အားပေးမှုများစွာရရှိထားတဲ့ မင်းသမီး Kim Go Eun ဟာ မျက်ရစ်မပါတဲ့သူတစ်ယောက်ဖြစ်ပေမယ့် Eye Makeup လိမ်းတဲ့အခါတိုင်း မျက်ရစ်အရမ်းဖော်ဖို့ မကြိုးစားဘဲ သဘာဝဆန်ဆန်ပဲ လှနေအောင် ပြင်တတ်သူဖြစ်ပါတယ်။
“Our Beloved Summer” ဇာတ်လမ်းတွဲက မင်းသမီးလေး Kim Da Mi ကလည်း မျက်ရစ်မပါပေမယ့် Eye Liner ကိုအဓိကဆွဲကာ မျက်ရစ်ထက် မျက်လုံးနက်လေးတွေ ထင်းနေအောင်လိမ်းလေ့ရှိပါတယ်။
Kpop Queen တစ်ဦးဖြစ်တဲ့ CL ကလည်း မျက်ရစ်မပါတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမရဲ့ မိတ်ကပ် Look တွမှာတော့ မျက်ရစ်ကြီးသလိုမြင်ရအောင် အရောင်ရင့်တဲ့ Eye Liner တွေခပ်ထူထူဆိုးတတ်တာကို တွေ့ရမှာပါ။
သူမရဲ့ ကြောင်မလေးနဲ့တူတဲ့ Monolid လေးကြောင့် ပရိသတ်တွေက သတိထားမိကြတဲ့ Sohee ရဲ့ Eye Makeup Look လေးတွေကလည်း အရောင်ငြိမ်ပြီး အရမ်းအထာကျပါတယ်။ Smoky Eye လိုပုံစံ ပြင်ချင်တဲ့သူတွေအတွက် ကွက်တိပါပဲ။
အသားအရမ်းဖြူပြီး ကြွေရုပ်လေးလို Visual မျိုးရှိတဲ့ Dahyun ကတော့ သူမရဲ့ Monolid ကိုမသိသာအောင် Eye Liner ထင်းထင်းလေးဆွဲပြီး မျက်လုံးအောက် Glitter လေးတွေ၊ အရောင်နဲ့မျက်ကပ်မှန်လေးတွေပါတဲ့ Eye Makeup မျိုးပြင်ဆင်လေ့ရှိတာကို တွေ့ရပါတယ်။
Seulgi ရဲ့ Eye Liner နဲ့ Eye Shadow ပေါင်းပြီး ကော့နေအောင်ဆွဲတဲ့ Eye Makeup ပုံစံကလည်း ပြင်တတ်ရင်ပြင်တတ်သလို အထာကျတဲ့မျက်ဝန်းမျိုး ပိုင်ဆိုင်စေမှာပါ။
မျက်ရစ်မပေါ်ပေမယ့် ကြောင်မျက်လုံးလို အစွန်းကော့ကော့လေးကိုပိုင်ဆိုင်ထားတဲ့ Yeji ကတော့ သူမရဲ့ Eye Makeup အတွက် မျက်တောင်လေးတွေအဓိကထားပြီး ထင်းထင်းလေးနဲ့ကော့နေအောင် ဆိုးတတ်တဲ့သူဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar