မင်္ဂလာပါနော်။ နွေရာသီဆိုတော့ မိတ်ကပ်ကို အရမ်းထူထူကြီးလိမ်းတာထက် ခပ်ပါးပါးလေး လိမ်းတာပဲ ပိုကောင်းပါတယ်။ သင့်ရဲ့ ပူအိုက်လှတဲ့ နွေရာသီမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ လန်းဆန်းနေစေမယ့် မိတ်ကပ်လိမ်းချယ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

နွေရာသီဆိုတော့ မိတ်ကပ်ကို အထူကြီးမလိမ်းဘဲ ခပ်ပါးပါးပဲလိမ်းပါ။ မိတ်ကပ်စလိမ်းပုံတွေကတော့ အရင်က MyStyle Myanmar မှာ ပြထားဖူးတဲ့ မိတ်ကပ်လိမ်းနည်းတွေနဲ့ အတူတူပါပဲ။ Eyeshadow ချယ်သပုံမှာပဲ အနည်းငယ်ကွဲပြားသွားမှာပါ။

၁။ အရင်ဆုံး အညိုရောင် Shadow ကို ရွေးချယ်လိုက်ပါ။

၂။ ပြီးရင် မျက်လုံးအပြင်ဖက်ကနေ အတွင်းဖက်ကို လိမ်းပေးလိုက်ပါ။

၃။ ရွှေရောင်ကို ရွေးချယ်လိုက်ပြီး မျက်လုံးအတွင်းဖက်ထောင့်ကနေ မျက်ခွံအလယ်လောက်အထိလိမ်းပေးလိုက်ပါ။

၄။ ပြီးသွားရင် Liner လေးဆွဲပေးလိုက်ပါ။ အဲဒီနောက် မျက်တောင်အတုတပ်ပေးလိုက်ပါ။

၅။ မျက်တောင်ကို သေချာကော့ပေးလိုက်ပါ။

၆။ ပြီးရင်မျက်တောင်အတု အပေါ်ကနေ Liner ထပ်ဆွဲပေးလိုက်ပါ။

၇။ Mascara ဆိုးပေးလိုက်ပါ။

၈။ အညိုရောင်ရင့်ရင့်ကို မျက်လုံးအောက် ထောင့်နားမှာ လိမ်းပေးလိုက်ပါ။

၉။ ပြီးရင်အောက်မျက်တောင်ကိုလည်း Mascara ဆိုးပေးလိုက်ပါ။

၁၀။ မျက်ခုံးမွှေးဆွဲလိုက်ပြီး နှုတ်ခမ်းနီ ခပ်ပါးပါးလေး ဆိုးလိုက်ါ။