သင်က ကိုးရီးယားက မင်းသမီး၊ Idol တွေလို ပြစ်မျိုးမှဲ့မထင် Glow Skin ကို ပိုင်ဆိုင်ချင်ရင် အခုဖော်ပြထားတဲ့ နည်းလမ်းတွေကို အနည်းဆုံး တစ်ခါလောက် Try ကြည့်သင့်ပါတယ်။ ဒီထဲ ဖော်ပြထားတဲ့ နည်းလမ်းတွေက Glow Skin အပြင် နူးညံ့တဲ့ နှုတ်ခမ်းသားလေး၊ စိုပြေတဲ့ အသားအရေကိုပါ ရစေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ အသားအရေ Glow မယ့်အပြင် မျက်နှာပေါ်က တခြား အစိတ်အပိုင်းတွေပါ Perfect ဖြစ်မှ ကိုးရီးယား မင်းသမီးလေးတွေရဲ့ အသားအရေကို ပိုင်ဆိုင်မှာပါ။ ဒီတော့ ထိန်းသိမ်းနိုင်မယ့် လျို့ဝှက်ချက် နည်းလမ်းကို ကြည့်လိုက်ရအောင်နော်-

၁။ Vaseline

Photo Source: Insider

ဒီနည်းလမ်းတွေအတွက် အဓိက လိုအပ်တဲ့ ပစ္စည်းတစ်မျိုးကတော့ Vaseline ပါ။ Vaseline ကို သင့်နှာခေါင်းပေါ်နဲ့ သင့်နှာခေါင်းဘေးက အသားအရေပေါ်လိမ်းပေးရပါမယ်။ ပြီးနောက် ဒီပေါ်ကနေ Facial Cotton နဲ့ ကာပေးရပါမယ်။ ပြီးရင်တော့ ဒီကပ်ထားတဲ့ အပေါ် ရေဖြန်းပေးရပါမယ်။ ဖြန်းပြီးနောက် ငါးမိနစ် ထားကာ Vaseline ကို ဖယ်နိုင်ပါပြီ။ ဒါဆိုရင်တော့ သင့်အသားအရေလေး ချက်ချင်း Glow သွားတာကို သတိထားမိပါလိမ့်မယ်။

၂။ နှုတ်ခမ်းလေးအတွက်

သဘတ်အပါးလေးကို ရေနွေးနဲ့ စိမ်ပေးရပါမယ်။ အသားပေါ် ကပ်လို့ရတဲ့ အနေအထားမှာ ဒီ သဘတ်အပူကို နှုတ်ခမ်းပေါ်ကပ်ပေးရပါမယ်။ ကပ်ပြီး ၁ မိနစ် ထားပေးရပါမယ်။ ကပ်ပြီးနောက် နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဂွမ်းနားကျပ်တံနဲ့ ပွတ်ချပေးရပါမယ်။ နောက်တစ်ဆင့်အနေနဲ့ နှုတ်ခမ်းပေါ် Vaseline လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် နှုတ်ခမ်းပေါ် ပလတ်စတစ်အကြည်လေးနဲ့ ကပ်ရပါမယ်။ ၁၀ မိနစ်ကပ်ပြီးနောက် ရေနဲ့ ဆေးချရပါမယ်။

၃။ စိုပြေတဲ့ အသားအရေရဖို့

Photo Source: Pinterest

 

ဒီ သုံးခုမြောက် နည်းလမ်းကတော့ ဒူးမဲတဲ့နေရာ၊ တံတောင်မဲတဲ့ နေရာပါ ဖြူနိုင်မယ့် နည်းလမ်းပါ။ ဒါအတွက် Vaseline နဲ့ သကြားကို ရောမွှေပေးရပါမယ်။ မွှေပြီးနောက် သင့်နှုတ်ခမ်းပေါ် ပွတ်နိုင်ပါတယ်။ ဒီလိုပဲ သင့်တံတောင်နဲ့ ဒူးပေါ် ပွတ်နိုင်ပါတယ်။ ဒီလိုပွတ်ပြီး ရေဆေးချနိုင်ပါပြီ။ ဒီလို ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေပေါ်က ဆဲလ်သေတွေ ကွာကျပြီး အသားပိုဖြူလာနိုင်ပါတယ်။

၄။ လက်ကလေးတွေ လှဖို့

Photo Source: Yahoo-News

ကိုးရီးယားက မင်းသမီးလေးတွေ၊ Idol တွေလို လက်နူးနူးညံ့ညံ့လေးတွေရဖို့ လုပ်နိုင်မယ့် နည်းလမ်းအတွက် Vaseline နဲ့ Body Lotion ကို ဆတူ ရောပေးရပါမယ်။ ရောပြီးနောက် သင့်လက်ပေါ် လိမ်းရပါမယ်။ လိမ်းပြီးနောက် ပလတ်စတစ် လက်အိတ်နဲ့ စွပ်ပေးရပါမယ်။ စွပ်ပြီး နာရီဝက် ထားရပါမယ်။ ပြီးရင်တော့ ဆပ်ပြာနဲ့ ရေဆေးချနိုင်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar