ဆယ်ကျော်သက်ကောင်မလေးတွေအတွက် အပြင်သွားတဲ့အခါ လိမ်းထားမှန်းမသိသာစေဘဲ သဘာဝဆန်ဆန်နဲ့လှနေတဲ့ Korean Eye Makeup Look ပြင်နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါနဲ့ လိမ်းရတာလည်း လွယ်ကူတာမလို့ အတူလိုက်လိမ်းကြည့်ပါ။

အရင်ဆုံး Eye Makeup မလိမ်းခင် မျက်ခွံနဲ့ လိုက်ဖက်တဲ့ Eyeshadow Primer ဒါမှမဟုတ် Concealer လိမ်းပါ။

အရင်ဆုံး မျက်ခွံတစ်ခုလုံးကို အညိုဖျော့ဖျော့လေး ခြယ်ပေးပါ။ မျက်လုံးရဲ့ အပြင်ဘက်ထောင့်မှာ အညိုရင့်ရောင်ခြယ်ပြီး မျက်ခွံအလယ်နားထိရောက်အောင် Blend လုပ်ပေးပါ။

သဘာဝဆန်တဲ့ပုံစံလေးရအောင် အညိုရောင် Eyeliner ကို မျက်လုံးရဲ့ အတွင်းထောင့်ကနေ စခြယ်ပေးပါ။ အစွန်းတွေကို ပြေပြေလေးဖြစ်အောင် Smudging Brush နဲ့ညှိပေးပါ။

Mascara မသုံးခင် အရင်ဆုံး Eyelash Curler နဲ့ မျက်တောင်အရင်းကနေစပြီး စက္ကန့်အနည်းငယ်လောက် ဖိထားပြီး ကော့ပေးပါ။

ပြီးမှ Mascara သုံးပေးပါ။

နောက်ဆုံးအဆင့်အနေနဲ့ မျက်ခုံးကို ခဲတံ ဒါမှမဟုတ် Power လေးနဲ့ဖြည့်လိုက်ပါ။ ဒါဆိုရင်တော့ ပြီးပြည့်စုံပြီး သဘာဝဆန်တဲ့ Korean Eye Makeup Look လေးရမှာပါ။