ကိုရီးယားတွေက ဘယ်အသက်အရွယ်ပဲရောက်ရောက် အသားအရေကို အရမ်းထိန်းသိမ်းကြပါတယ်။ သူတို့မဖြစ်မနေအမြဲလိမ်းတဲ့ Skincare Step လည်း ရှိပါတယ်။ အသားအရေကောင်းချင်တဲ့၊ လှချင်တဲ့သူတွေအတွက် ကိုရီးယားမလေးတွေ မဖြစ်မနေလိမ်းတဲ့ Skincare steps ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Cleansing

Makeup Remover နဲ့ မိတ်ကပ်တွေ၊ မျက်နှာပေါ်မှာကပ်နေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ပြောင်အောင်ဖျက်ပါ။ ပြီးမှ မျက်နှာသစ်ဆေး (facial foam) နဲ့ မျက်နှာသစ်ပါ။

Toner/ Essence

မျက်နှာသစ်ပြီးတာနဲ့ Toner လိမ်းပြီး Essence လိမ်းပါတယ်။ ၂ ခုလုံးဝယ်ရတာ အဆင်မပြေရင်၊ မလိမ်းချင်ရင် တစ်ခုပဲလိမ်းလို့လည်း ရပါတယ်။ မနက်၊ ည လိမ်းရမှာပါ။ မျက်နှာသစ်ပြီးကျန်နေတဲ့ အညစ်အကြေးတွေက ဒီအဆင့်ထပ်လိမ်းရင် ပါသွားပါလိမ့်မယ်။

Serum/Ampoule

Serum ဒါမှမဟုတ် Ampoule ကို လိမ်းပါတယ်။ မနက်ပိုင်းတော့လိမ်းစရာ မလိုပါဘူး။ ညဘက်ပဲလိမ်းပေးရမှာပါ။ အသားအရေကြည်ချင်တယ်၊ Glow ချင်တယ်၊ Bright ဖြစ်လာချင်တယ်ဆိုရင် ဒီအဆင့်ကို ကျော်သွားလို့မရပါဘူး။

Moisturizer

Moisturizer ကို သေချာလိမ်းပါ။ မနက်၊ ည သေချာလိမ်းပေးရမှာပါ။ Healthy Skin ဖြစ်ဖို့၊ မျက်နှာလေး ရေဓာတ်ပြည့်နေစေဖို့ Moisturizer ကတော့ မရှိမဖြစ်ပါပဲ။

Sunscreen

ကိုရီးယားတွေက Sunscreen ကို အမြဲလိမ်းပါတယ်။ နေပူထဲသွားလို့ လည်ပင်းသားလေးပေါ်နေရင်တောင် ပေါ်နေတဲ့ လည်းပင်းနေရာကို လိမ်းပါတယ်။ ဒါကြောင့်လည်း သူတို့အသားလေးတွေက အရမ်းလှနေတာပေါ့။ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင်၊ အသားအရေထိခိုက် ပျက်စီးမှုမရှိအောင် Sunscreen ကို မနက်၊ နေ့လည် လိမ်းပေးရပါမယ်။ အိမ်မှာနေလည်း လိမ်းပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

source: www.beautchat.com