မင်္ဂလာပါနော်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ မင်းသမီး Yoon Eun Hye ကို အားလုံးမှတ်မိနေကြမယ်လို့ထင်ပါတယ်။ အခုနောက်ပိုင်း ပရိသတ်တွေနဲ့ အဆက်ပြတ်သလိုဖြစ်နေပေမယ့် ၂၀၁၉ မှာ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Love Alert ဆိုတဲ့ ဇာတ်လမ်းတွဲလေး နောက်ဆုံးထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ Fanတွေအတွက်ရော သူမကိုလွမ်းနေတဲ့သူလေးတွေအတွက်ပါ သူမရဲ့ချစ်ဖို့ကောင်းပြီးလှပနေတဲ့ ဖက်ရှင်ပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

သူ့ကို ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ Guro ခရိုင်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အရပ်အမြင့်ကတော့ ၁.၆၈ မီတာ (၅ ပေ ၆ လက်မ) ရှိပြီး သွေးအမျိုးအစားကတော့ A ဖြစ်ပါတယ်။ သူမရဲ့ ဇာတ်လမ်းတွဲတွေ ၂၀၁၃ နောက်ပိုင်းမှာ မထွက်ရှိတော့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ After Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထွက်ခဲ့ပါသေးတယ်။

Missing You ဆိုတဲ့ ၂၀၁၂ ခုနှစ်မှာထွက်ခဲ့တဲ့ ဒရမ်မာရုပ်သံဇာတ်လမ်းတွဲမှာ ထင်ပေါ်ကျော်ကြားတဲ့ သရုပ်ဆောင်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။
ဆွဲဆောင်မှုရှိတဲ့ အလှကိုလည်း ပိုင်ဆိုင်ထားပြီး ဖက်ရှင်လည်းကျတဲ့ သူမရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကို အလွမ်းပြေအတူတူကြည့်လိုက်ရအောင်နော်…



Photo Source: Pinterest