ဖက်ရှင် Runway မော်ဒယ်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး White Christmas ဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွဲနဲ့ ပထမဆုံး ပွဲဦးထွက်ခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင်နဲ့ မော်ဒယ် Kim Woo Bin ကိုအားလုံးရင်းနှီးကြမှာပါနော်။

Kim Woo Bin ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရပ်အမြင့်ကတော့ ၆ ပေ ၄ လက်မ( ၁.၈၈မီတာ) ရှိပြီး အရပ်အမောင်းကောင်းကောင်းနဲ့ ဖက်ရှင်ကျသူဖြစ်ပါတယ်နော်။

၂၀၁၇ ခုနှစ်ကစလို့ Nasopharyngeal ကင်ဆာ (လည်ချောင်းအပေါ်ပိုင်းမှ နှာခေါင်းအနောက်အထိ ဖြစ်သော ရှားပါးကင်ဆာ) ကြောင့် ဆေးကုသမှု ခံယူခဲ့ပြီး သူ့ရဲ့ အနုပညာအလုပ်ကို ခဏ ရပ်နားထားရာမှ ၂၀၁၉ ကုန်ခါနီးလောက်ကပဲ ပရိတ်သတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဖက်ရှင်တွေက အမြဲတမ်းလန်းနေပြီး စတိုင်လ်ကျနေသလို အရပ်မြင့်မြင့်နဲ့မို့ ဘာဝတ်ဝတ်ကြည့်လို့ကောင်းတဲ့ Kim Woo Bin ရဲ့ ဖက်ရှင်တွေကို မြန်မာပြည်က ဖန်တွေအတွက် မျှဝေပေးလိုက်တယ်နော်။











Photo Source; Pinterest