မင်္ဂလာပါနော်။ ကျန်းမာလှပတဲ့ အသားအရေရဖို့ တကယ်တော့ အချက် (၅) ချက်ပဲလိုပါတယ်။ အချက် (၅) ချက်လို့ ပြောလိုက်တာနဲ့ ဟာ လွယ်လိုက်တာလို့တော့မထင်စေချင်ပါဘူး။

တကယ်တမ်းလွယ်ပေမယ့်လိုက်နာနိုင်တဲ့သူတွေ နည်းကြပါတယ်။

၁။ အာဟာရ ညီညွှတ်မျှတအောင်စားပါ

ပရိုတင်းဓာတ်၊ Omega 3 လို ကျန်းမာတဲ့အဆီတွေပါတဲ့ အစားအစာတွေ စားပေးပါ။ အသား၊ ကြက်ဥ၊ အခွံမာသီးတွေ၊ ပင်လယ်စာတွေ စတာတွေကို သင့်တင့်မျှတအောင်စားပါ။

ဒါ့အပြင် အသီးအရွက်တွေ၊ လတ်ဆတ်တဲ့အသီးအနှံတွေ စားပေးသင့်ပါတယ်။

၂။ ကျန်းမာတဲ့ကိုယ်အလေးချိန်အတိုင်း ထိန်းသိမ်းပါ

သင့်အကိုယ်လေးချိန်ဟာ အရမ်းလည်းများမနေ အရမ်းလည်း နည်းမနေဘဲ ကျန်းမာတဲ့ ကိုယ်အလေးချိန်အတိုင်း ထိန်းသိမ်းသင့်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိသူတွေဟာ အိုမင်းရင့်ရော်မှုှု နှေးကွေးပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

၃။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

နေ့စဉ် တက်တက်ကြွကြွနဲ့ လေ့ကျင့်ခန်းလုပ်တာဟာ သင့်ကို နုပျိုစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ အသားအရေလှစေပါတယ်။ အသားအရေကို အိုမင်းရင့်ရော်စေတဲ့ ဆဲလ်တွေကို တိုက်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် နေ့စဉ် လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ ရေကူးတာ ၊ စက်ဘီးစီးတာမျိုးလုပ်ပေးနိုင်ပါတယ်။

၄။ သင့်အသားအရေကို ကာကွယ်ပါ

အသက် ၂၅ နှစ်ကျော်ပြီဆိုရင် Anti-Aging နဲ့ ပတ်သက်တဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဝယ်သုံးသင့်ပါပြီ။ ရေချိုးပြီးတိုင်းလည်း Body Lotion ကို အမြဲတမ်းလိမ်းပေးပါ။ နေရောင်ခြည်မှာပါတဲ့UVA နဲ့ UVB မှကာကွယ်ပေးနိုင်တဲ့ SPF ပါတဲ့ နေလောင်ကာခရင်မ်တွေ Body Lotion တွေ လိမ်းပေးနိုင်ပါတယ်။ အပြင်သွားတဲ့အခါ သင့်တော်တဲ့ အကာအကွယ်ပစ္စည်းတွေ ယူသွားသင့်ပါတယ်။

၅။ အသားအရကို ထိန်းသိမ်းမှုလုပ်ပါ

သင့်အသားအရေကို သေချာထိန်းသိမ်းမှုလုပ်သင့်ပါတယ်။ မျက်နှာသစ်ပြီးရင် Moisturizer လိမ်းပေးဖို့ မမေ့သင့်ပါဘူး။ မိမိအသားအရေနဲ့ သင့်တော်တဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ် အသုံးပြုပေးနိုင်ပါတယ်။ မိမိအသားအရေနဲ့ သင့်တော်တဲ့ မျက်နှာပေါင်းတင်တာမျိုး၊ ဂျေးချွတ်ပေးတာမျိုးကို တစ်ပတ် ၂ ကြိမ်လောက်ဖြစ်ဖြစ် ၂ ပတ် ၃ ကြိမ်လောက်ဖြစ်ဖြစ် လုပ်ပေးပါ။