Kim Seon Ho က သူ့ရဲ့ရည်းစားဟောင်းဖြစ်သူကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ Statement ထုတ် တောင်းပန်ပြီးတဲ့အခါမှာတော့ Kim Seon Ho ရဲ့ ရည်းစားဟောင်းဖြစ်သူက “ငါ့ရဲ့ရေးထားတဲ့ပို့စ်ကြောင့် မရည်ရွယ်ပဲလူအများကြီးကို ထိခိုက်နစ်နာခဲ့ရတာ တောင်းပန်ပါတယ်။ ငါတို့ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ခဲ့ကြတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ငါ့ရဲ့ရေးသားမှုတစ်ခုကြောင့် သူအခုလိုပြိုလဲသွားရတာကို စိတ်မကောင်းပါဘူး။ သူ့ဆီကနေလည်း တောင်းပန်မှုကိုရရှိခဲ့ပါတယ်။ ငါတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲသွားတာတွေ ရှိပုံရပါတယ်” ဆိုတဲ့ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။

ဒါ့အပြင် Kim Seon Ho ရဲ့ ရည်းစားဟောင်းဖြစ်သူက သူမရဲ့ သတင်းအချက်အလက်တွေနဲ့ ဓာတ်ပုံတွေ ပေါက်ကြားခဲ့တာနဲ့ပတ်သက်ပြီး သူမကို မကောင်းပြောနေတဲ့သူတွေအားလုံးကို တရားစွဲပါမယ်ဆိုပြီး ရှေ့နေအဖွဲ့ကိုတောင် ငှားထားလိုက်ပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။

နောက်ဆုံးထွက်လာတဲ့ သတင်းထဲမှာတော့ Kim Seon Ho က သူမကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တယ်ဆိုတာ အတင်းအကြပ်လုပ်ခိုင်းတာမျိုး မဟုတ်ခဲ့ပါဘူး။ ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တာတော့ မှန်ပါတယ်။ ဘာကြောင့် ဖျက်ချခိုင်းခဲ့လဲဆိုရင်တော့ သူမက အရက်သောက်ရတာကို အရမ်းကြိုက်တဲ့သူဖြစ်လို့ ကိုယ်ဝန်ဆောင်နေစဉ်မှာပါ ဆက်သောက်နေရင် ကလေးအတွက်လည်း အန္တရာယ်ရှိတာကြောင့် ကလေးကို သေချာမစောင့်ရှောက်နိုင်ရင်၊ တာဝန်မယူနိုင်ရင် ဖျက်ချလိုက်ဖို့အတွက် နားလည်အောင်ပြောခဲ့ရုံပါပဲ။

ဘာပဲဖြစ်ဖြစ် နှစ်ယောက်ကြားကပြဿနာကို နှစ်ယောက်ထဲသေချာမဖြေရှင်းပဲ Kim Seon Ho ရဲ့ ရည်းစားဟောင်းဖြစ်သူက ပို့စ်တင်လိုက်တဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေကော၊ ဆုံးရှုံးမှုတွေပါ အများကြီးထွက်လာပါတယ်။

အခုဆိုရင် Kim Seon Ho က သူပါဝင်ထားတဲ့ Variety Show တွေကပါ ထွက်လိုက်ရပြီး သူရိုက်ကူးဖို့ရှိနေတဲ့ ရုပ်ရှင်တွေကနေလည်း ဖယ်ရှားခံလိုက်ရပါတယ်။ တချို့ company တွေဆိုရင် လျော်ကြေးပြန်တောင်းမယ်ဆိုတဲ့ သတင်းတွေပါ ထွက်လာပါတယ်။ Second Lead နေရာကနေပဲ အမြဲပါဝင်ခဲ့ရတာ Hometown Cha-Cha-Cha မှာမှ ပထမဆုံး Main Lead နေရာကိုရခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တာပါ။

အခုဆိုရင် Kim Seon Ho ပျောက်နေလို့ သူငယ်ချင်းတွေ လိုက်ရှာနေရပါတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်ပြီးတက်နေပါတယ်။