ရည်းစားဘဝမှာတုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြပြီး ပြတ်သွားမှ ရည်းစားဟောင်းရဲ့ မကောင်းကြောင်းတွေပြောတာ၊ လျှောက်ဖွတာ၊ အမုန်းတရားတွေထားနေတာက ကိုယ့်အတွက်လည်း ပူလောင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း စိတ်သက်သာရာရချင်ရင် ရည်းစားဟောင်းတွေအပေါ်မှာ ဒီလိုစိတ်မျိုးတွေ ထားကြည့်ပါ။

ဘယ်လိုအကြောင်းကြောင့်ပဲပြတ်ပြတ် ပြတ်သွားပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် လုံးဝမသက်ဆိုင်တော့တဲ့အတွက် မေ့ပစ်ရမယ်လို့သာ တွေးထားလိုက်ပါ။

ကိုယ့်အပေါ်မကောင်းခဲ့ဘူး၊ သစ္စာဖောက်သွားတယ်ဆိုလည်း အမုန်းတရားတွေထားပြီး ကလဲ့စားချေတာမျိုးတွေ လုပ်မနေပါနဲ့။ ဒီလိုလူမျိုးဆို ပိုပြီးမေ့ပစ်လိုက်သင့်ပါတယ်။ ကိုယ်နဲ့မတန်လို့ ကိုယ့်ဘဝထဲက အပြီးအပိုင်ထုတ်ပြီးသာ မေ့နိုင်အောင် ကြိုးစားလိုက်ပါ။ မေ့နိုင်သွားတဲ့အချိန်ကျရင် ကိုယ်ခံစားခဲ့ရတာတွေ၊ ရူးခဲ့ရတာတွေက ရယ်စရာတစ်ခုလို ဖြစ်သွားပါလိမ့်မယ်။

ကိုယ့်အပေါ်ကောင်းခဲ့တယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း ချစ်ခဲ့ကြတယ်။ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်လို့၊ သဘောထားချင်းမတိုက်ဆိုင်လို့ ပြတ်သွားခဲ့ရင်လည်း ရေစက်မပါလို့ပြတ်သွားတယ်လို့ တွေးနိုင်ရပါမယ်။ ဒါမှ ကိုယ်စိတ်သက်သာရာရမှာပါ။ အမုန်းတရားတွေလည်းမရှိပဲ မေ့ပစ်လိုက်နိုင်တာ အကောင်းဆုံးပါပဲ။

တစ်ယောက်နဲ့တစ်ယောက်ပြီးပြတ်သွားရင် တစိမ်းတွေဖြစ်သွားပါပြီ။ အဲ့အတွက် သူလုပ်နေသမျှ၊ သူဖြစ်နေသမျှက ကိုယ်နဲ့ဘာမှမသက်ဆိုင်တော့လို့ ခေါင်းထဲထည့်ပြီး တွေးနေစရာမလိုပါဘူး။ သူလည်းသူ့လမ်းသူလျှောက်၊ ကိုယ်လမ်းကိုယ့်လမ်းကိုလျှောက်ပြီး ကိုယ့်ကိုယ်ကိုပဲ ပိုချစ်လိုက်ပါ။ ပိုတိုးတက်လာအောင် ကြိုးစားလိုက်ပါ။ လှအောင်နေပြီး ကျန်းမာအောင်နေပါ။ ကိုယ်စိတ်ချမ်းသာပျော်ရွှင်မယ့် အရာတွေကိုပဲ လုပ်ပါ။

Photo Source: www.pinterest.com