မင်္ဂလာပါ….. ပျိုမဒီတို့ရေ….. အိမ်အလုပ်တွေထဲက မဖြစ်မနေ အလုပ်ကိစ္စလုပ်ရတဲ့ အဝတ်တွေမီးပူတိုက်ရတာက  အချိန်လည်းအများကြီးပေးရပြီး မီးပူတိုက်ရတာကလည်း တကယ်ငြီးငွေစရာပါနော်။ အထူးသဖြင့် အဝတ်လျှော် မီးပူတိုက်ရတာက  မိသားစုများတဲ့ အိမ်ရှင်မတွေအတွက်ကတော့ ပိုဆိုးပေါ့နော် ။

ဒါကြောင့် အိမ်ရှင်မတွေအတွက်  အချိန်ကုန်သက်သာစေပြီး မီးပူကိုမသုံးဘဲ အဝတ်အစားတွေ ပြန့်အောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။  ဒီနည်းလမ်းတွေက မီးပူကိုမသုံးဘဲ အဝတ်ပြန့်အောင်လုပ်နိုင်တာကြောင့် ခရီးသွားတဲ့အခါမျိုးမှာ အဝတ်ကြေတးမဝတ်ချင်တဲ့လူတွေအတွက်လည်း အရမ်းအသုံးဝင်မှာပါ။

ဖြန်းဆေး

ရေ 200 ml နဲ့ Fabric Softener 10 ml ကို စပရေးပုလင်းတစ်လုံးထဲရောပြီး လှုပ်ခါပေးပါ။ အဝတ်တွေမှာမသုံးခင် အစွန်းအထင်းဖြစ်မဖြစ်သေချာအောင် အဝတ်ဟောင်းတစ်ခုမှာ အရင်စမ်းသုံးပေးပါ။ ပြီးမှ အဝတ်တွေကို   စိုတဲ့အထိ ဖြန်းပေးပါ။ ဖြန်းပြီးရင် ပြန့်နေအောင်ခါလိုက်ပြီး အခြောက်ခံလိုက်ပါ။

ရေချိုးခန်း

ရေချိုတဲ့အခါ ရေပူနဲ့ရေချိုးမယ်ဆိုရင် ရေချိုးခန်းထဲမှာ အဝတ်တွေကို လှန်းထားလိုက်ပါ။ ရေချိုးပြီးသွားရင် အပူငွေတွေအပြင်မထွက်အောင် ၁၅ မိနစ်လောက် တံခါး ပိတ်ထားလိုက်ပါ။

ဆံပင်ဖြောင့်စက်

ထူတဲအင်္ကျီတွေမဟုတ်ဘဲ အင်္ကျီပါးပါးလေးတွေကို ပြန့်စေချင်တယ်ဆိုရင် ဆံပင်ဖြောင့်စက်ကိုလည်း သုံးလို့ရပါစေတယ်။

မွေ့ရာ

ဂျင်းအကျီ၊ ဂျင်းဘောင်းဘီ ဒါမှမဟုတ် hoodies တို့လို ထူတဲ့အဝတ်အစားတွေကို ပြန့်အောင်လုပ်ချင်ရင် မွေ့ရာအောက်မှာ ထားအိပ်လိုက်ပါ။