သင်က သူငယ်ချင်းသံယောဇဉ်ကို ဖော်ကျူးတဲ့ ဇာတ်လမ်းမျိုး ရှာနေတယ် ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ မိတ်ဆွေစစ်တွေကြားက သစ္စာတရား၊ ယုံကြည်မှုတွေက လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ရိုက်ခတ်နိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီလို သူငယ်ချင်း သံယောဇဉ်ကို ဖော်ညွှန်းထားတဲ့ ဇာတ်လမ်းတွေကို သင်ကြည့်လိုက်တဲ့အချိန် သင်ငယ်ငယ်က ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ၊ လက်ရှိအချိန်မှာ သင့်အပေါ် ကောင်းတဲ့ မိတ်ဆွေတွေ အကြောင်း ပြန် သတိရလာနိုင်ပါတယ်။ သင်က သူငယ်ချင်းတွေနဲ့တူတူ ဇာတ်လမ်းကြည့်ဖို့ စဉ်းစားထားရင်လည်း အောက်ဖော်ပြပါ ဇာတ်လမ်းကောင်းတွေကို အတူတူ ကြည့်နိုင်ပါတယ်။

၁။ Reply 1988

ငယ်သူငယ်ချင်း ငါးယောက်ရဲ့ ခင်မင်မှုနဲ့ လူငယ်နဲ့ မိဘကြားက အဖြစ်အပျက်တွေကို ပုံဖော်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

၂။ Hospital Playlist

ဆေးကျောင်းအတူတူ တက်ကတည်းက သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြသူ သူငယ်ချင်း ငါးယောက်က တာဝန်ကျတော့လည်း ဆေးရုံတစ်ခုတည်းမှာ တာဝန်ကျခဲ့ကြပါတယ်။ သူငယ်ချင်း မေတ္တာနဲ့အတူ အချစ်ဇာတ်လမ်းကိုပါ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။

၃။ Racket Boys

ကျောင်းသား ဇာတ်လမ်းဖြစ်ပြီး ကြက်တောင်ရိုက် ကစားနည်းကို ခုံမင်တဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တွေရဲ့ သူငယ်ချင်း သံယောဇဉ်ကို ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။

၄။ Welcome to waikiki

သင်က ဟာသဇာတ်လမ်းတွေကို သဘောကျသူဆိုရင်တော့ ဒီဇာတ်လမ်းက လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ သူငယ်ချင်း သုံးယောက်အကြောင်းကို ပေါ့ပါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ကြည့်ရမှာပါ။

၅။ Twenty Five Twenty One

လူငယ်ဘဝ အမှတ်တရ၊ သူငယ်ချင်းကောင်းတွေက ဘဝမှာ လိုအပ်ကြောင်း ပြသနေတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းတွေဟာ တစ်ဘဝစာ မေ့နိုင်မယ့်သူတွေ မဟုတ်ကြောင်း သက်သေပြနေတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

၆။ Weighlifting Fairy Kim Bok Joo

သူငယ်ချင်း မိန်းကလေး သုံးဦးရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာတွေ၊ အပြင်လောကနဲ့ ကိုက်ညီတဲ့ အပြုအမူတွေ၊ မင်းသမီးနဲ့ မင်းသားကြားက သူငယ်ချင်းကနေ ချစ်သူ ဖြစ်လာတဲ့ ဇာတ်လမ်းကို Weightlifting ထဲ ကြည့်ရှုနိုင်ပါတယ်။

၇။ Dear My Friends

သူငယ်ချင်း သံယောဇဉ်စစ်စစ်ကို ကြည့်ရှုချင်ရင်တော့ Dear My Friends က လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ပါ။

Photo Source: Pinterest

By MyStyle Myanmar