ကေပေါ့လောကမှာ Generation အမျိုးမျိုးနဲ့ ခွဲခြားခေါ်ဝေါ်ကြပြီးတော့ တကယ့်အကောင်းဆုံး Third Generation တွေဟာဆိုရင်လည်း ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်ကနေစပြီး ပေါ်လာကြတာပါ။

ဒီ Third Generation တွေမှမဟုတ်ဘဲ Legend တွေဖြစ်ကြတဲ့ တချို့သော First နဲ့ Second Generation အဖွဲ့တွေ၊ အဆိုတော်တွေဟာဆိုရင်လည်း အခုချိန်ထိကို Music Chart တွေမှာ သီချင်းအသစ်ထွက်တိုင်း နေရာယူနိုင်ပါသေးတယ်နော်။

အခုတစ်ခါမှာတော့ ဒီဆောင်းပါးလေးကနေပြီး ဖော်ပြပေးချင်တာက ၂၀၁၄ ခုနှစ်တုန်းက တော်တော်လေး လူကြိုက်များခဲ့တဲ့ သီချင်းကောင်း (၈) ပုဒ်ကို ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ကဲ..ဘယ်သီချင်းလေးတွေဖြစ်မလဲ ကိုယ့်အကြိုက်သီချင်းတွေရော ပါမလားဆိုတာ အခုပဲ ကြည့်လိုက်ရအောင်လား။

1. “Something”

Source: 1theK (원더케이)

Girls’ Day အဖွဲ့ကတော့ ၂၀၁၄ ခုနှစ်မှာ “Something” ဆိုတဲ့သီချင်းကို သူ့ရဲ့ Sexy Concept တို့ကြောင့် တော်တော်လေး ဟော့ဖြစ်ခဲ့ပါတယ်။ အကတွေကလည်း အမိုက်စားဖြစ်သလို သီချင်းကလည်း ကောင်းတာမို့ ပရိတ်သတ်တွေကြားမှာ အရမ်းလူကြိုက်များခဲ့တာပါ။

2. “Some”

Source: starshipTV

တောင်ကိုရီးယားက Sexy အဖြစ်ဆုံး အမျိုးသမီးအဖွဲ့ SISTAR ဆိုရင် မသိတဲ့သူ တော်တော်ရှားပါတယ်။ SISTAR အဖွဲ့ဝင် Soyou နဲ့ အဆိုတော် Junggigo တို့ရဲ့ စုံတွဲသီချင်း “Some” ကတော့ ၂၀၁၄ မှာ တော်တော်ကိုလူကြိုက်များခဲ့ပါတယ်။ အခုချိန်ထိလည်း ယောကျ်ားလေးနဲ့ မိန်းကလေးကြား Pink Bubbles လေးတွေ ဖြစ်နေပြီဆိုရင် ဒီသီချင်းလေးက ပြန်ပြီးအမှတ်ရနေဆဲပါပဲ။

3. “Come Back Home”

Source: Mnet K-POP

ကေပေါ့လောကမှာ Legend အမျိုးသမီးအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ 2NE1 ဟာ တော်တော်လေးကြာပြီးမှ ၂၀၁၄ ခုနှစ်မှာ “Come Back Home” ဆိုတဲ့သီချင်းနဲ့ Comeback လုပ်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ အဖွဲ့မကွဲခင် လေးယောက်သား Promotion အတူတူဆင်းခဲ့ကြတဲ့ နောက်ဆုံးအချိန်လည်းဖြစ်ပါတယ်။

4. “200%”

Source: Mnet K-POP

ကေပေါ့လောကရဲ့ နာမည်ကြီး မောင်နှမနှစ်ယောက် AKMU ကတော့ “200%” ဆိုတဲ့သီချင်းနဲ့ Debut လုပ်ခဲ့ပြီး ချက်ချင်း Hit ဖြစ်ခဲ့တာပါ။ အခုချိန်ထိလည်း အရမ်းနားထောင်လို့ကောင်းတဲ့ သီချင်းတွေ အများကြီး ထွက်ရှိပြီးသားပါ။

6. “Eyes, Nose, Lips”

Source: Mnet K-POP

နောက်ထပ် ကေပေါ့လောကထဲက Legend အဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့ဝင် Taeyang က တစ်ကိုယ်တော်လှုပ်ရှားမှုမှာလည်း အရမ်းကို အောင်မြင်သူတစ်ဦးပါ။ သူ့ရဲ့ အရမ်းအရမ်းကို လူကြိုက်များခဲ့တဲ့ “Eyes, Nose, Lips” ဆိုတဲ့ သီချင်းမှာ ဇနီးဖြစ်သူ မင်းသမီး Min Hyo Rin ပါဝင်သရုပ်ဆောင်ထားပြီး အခုချိန်ထိလည်း ကာရာအိုကေခန်းတွေထဲမှာ ကြားနေရဆဲပါပဲ။

7. “A Midsummer Night’s Sweetness”

Source: 1theK (원더케이)

ဒါကတော့ ၂၀၁၄ ခုနှစ်မှာ နောက်ထပ်ပေါက်ခဲ့တဲ့ စုံတွဲသီချင်းလေးပါ။ After School အဖွဲ့ဝင်ဟောင်း Raina နဲ့ ရပ်ပ်ပါ San E တို့ သီဆိုထားပြီး ရာသီချိန်တန်ရင် Chart တွေကို ပြန်တက်လာနေဆဲ သီချင်းကောင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

8. “Beautiful”

Source: MBC Kpop

Superstar K ဆိုတဲ့ အစီအစဥ်မှာ ဝင်ရောက်ယှဥ်ပြိုင်ပြီး လူသိများခဲ့တဲ့ တစ်ကိုယ်တော် အဆိုတော် Park Boram ရဲ့ ၂၀၁၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Beautiful” ဆိုတဲ့သီချင်းမှာ Zico လည်း ပါဝင်ထားပြီးတော့ ထွက်ရှိတဲ့လပဲ Music Chart တွေမှာ တော်တော်ကြာအောင် နေရာယူထားနိုင်ခဲ့ပါတယ်။

12. “Luv”

Source: TV-People

နောက်ဆုံးတစ်ခုကတော့ Second Generation အဖွဲ့ဖြစ်တဲ့ APink ရဲ့သီချင်း “Luv” လေးပဲဖြစ်ပါတယ်။ သူလည်းပဲ ထွက်ရှိရှိချင်း Music Chart တွေရဲ့ ထိပ်ဆုံးမှာ နေနိုင်ခဲ့ပါတယ်။