လူတစ်ယောက်နဲ့တစ်ယောက် စပြီးတွေ့ဆုံချိန်မှာ အများစု အရင်ဆုံး သတိထားမိတတ်ကြတာက သူတို့ရဲ့ အပြုံး ပဲဖြစ်ပါတယ်။ ဒီလိုမျိုး အပြုံးကို အရင်ဆုံး အာရုံစိုက်မိတဲ့ဖြစ်ရပ်က ကျွန်မတို့လို သာမန်လူတွေမှာသာမဟုတ်ဘဲ ကေပေါ့အိုင်ဒေါလ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

အိုင်ဒေါလ်တစ်ယောက်စီတိုင်းမှာတော့ သူ့ဟာနဲ့သူ ထူးခြားလှပတဲ့ အပြုံးကိုယ်စီ ရှိကြတယ်ဆိုပေမယ့် အခုတစ်ခေါက် MyStyle Myanmar ကနေ ဖော်ပြပေးချင်သူလေးတွေကတော့ နည်းနည်းလေးထူးခြားတဲ့ အပြုံးပိုင်ရှင်လေးတွေပါ။

သူတို့ရဲ့ အပြုံးလေးတွေက အင်မတန်လွတ်လပ်ပေါ့ပါးလွန်းလို့ သွားဖုံးလေးတွေ ပေါ်တဲ့အထိပါပဲ။ ဒီလိုမျိုး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကြောင့်လည်း ပရိတ်သတ်တွေရဲ့ ရင်ထဲကို ဟတ်ထိထိသွားစေပြီး ပိုလို့ချစ်နေရတာ မဟုတ်ပါလား။

ကဲ… ဒါဆိုရင်တော့ သင့်ကိုပါ ကူးစက်သွားစေနိုင်မယ့် သွားဖုံးပေါ် အပြုံးပိုင်ရှင် ကေပေါ့အမျိုးသမီးအနုပညာရှင်တွေက ဘယ်သူတွေလဲဆိုတာ အခုပဲ အတူတူကြည့်လိုက်ရအောင်ပါ။

Jennie (BLACKPINK)

Nayeon (TWICE)

Minah (Girl’s Day)

Kokoro (Cherry Bullet)

Joy (Red Velvet)

Mina (TWICE)

Moonbyul (MAMAMOO)

Soyeon ((G)I-DLE)

Chuu (Loona)

Image Source: Pinterest