ဟယ်လို MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ရေ…ဒီတစ်ခေါက် ကေပေါ့ဖန်တွေအတွက် ဖော်ပြပေးချင်တာကတော့ သူပြိုင်ကိုယ်ပြိုင် အားကြိုးမာန်တက်ယှဥ်ပြိုင်ခဲ့ရပြီး လူအများကြီးကိုကျော်တက်ပြီး ပထမနေရာကို ချိတ်ခဲ့ကြတဲ့ ကေပေါ့အိုင်ဒေါလ်တွေပဲဖြစ်ပါတယ်။

ကိုယ်ကြိုက်တဲ့ ကေပေါ့အိုင်ဒေါလ်ပါနေမလား ဒါမှမဟုတ် ကိုယ်ကြည့်ဖူးတဲ့ အစီအစဥ်များပါနေမလားဆိုတာ ပြီးအောင်ဖတ်ကြည့်လိုက်ကြမယ်နော်။

fromis_9’s Jisun

Idol School ဆိုတဲ့ အစီအစဥ်မှာ အခြားမိန်းကလေး ၄၁ ယောက်နဲ့အတူ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပထမနေရာဆွတ်ခူးခဲ့ကာ ၂၀၁၇ ခုနှစ်မှာ fromis_9 ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

ITZY’s Ryujin

၂၀၁၇ ခုနှစ်တုန်းက Mix Nine အစီအစဥ်မှာပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံးလည်း ပထမနေရာကိုပဲ သိမ်းပိုက်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအပြီးမှာတော့ အမျိုးသားအဖွဲ့ရော အမျိုးသမီးအဖွဲ့ရော debut မလုပ်ဖြစ်ခဲ့ဘဲနဲ့ ၂၀၁၉ ခုနှစ်ကျမှ ITZY အဖွဲ့နဲ့ ပရိတ်သတ်တွေရှေ့ ရောက်ရှိလာခဲ့ပါတယ်။

IVE’s Wonyoung

၂၀၁၈ ခုနှစ်တုန်းက tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Produce 48 အစီအစဥ်မှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီးနောက် ပထမနေရာကိုရရှိခဲ့ကာ IZ*ONE အဖွဲ့ရဲ့ Center ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ IZ*ONE အဖွဲ့ကွဲသွားပြီးနောက် Starship Entertainment က စင်တင်ပေးခဲ့တဲ့ IVE အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

Kang Daniel

Kang Daniel ကတော့ Produce 101 ရဲ့ ဒုတိယ season မှာ ပထမနေရာရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ Wanna One အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ အဖွဲ့ကွဲသွားပြီးနောက်မှာတော့ ၂၀၁၉ ခုနှစ်မှာ တစ်ကိုယ်တော်အဆိုတော်အဖြစ်နဲ့ ပရိတ်သတ်ရှေ့ပြန်ရောက်ရှိလာခဲ့ပါတယ်။ အင်မတန်လူကြိုက်များကျော်ကြားခဲ့တဲ့ Street Woman Fighter အစီအစဥ်မှာလည်း တင်ဆက်သူအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

Somi

Somi ဟာ TWICE အဖွဲ့ဝင်တွေကို ရွေးချယ်တဲ့ SIXTEEN ဆိုတဲ့အစီအစဥ်မှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ရပြီးနောက် Produce 101 မှာ ထပ်မံပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။ ထိုအစီအစဥ်မှာ ပထမနေရာကိုရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ I.O.I အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူတို့အဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ ဖျက်သိမ်းလိုက်ပြီးနောက် အခုချိန်မှာတော့ YG Entertainment လက်အောက်က THE BLACK LABEL ရဲ့ အနုပညာရှင်အဖြစ်နဲ့ တစ်ကိုယ်တော်အဆိုတော်အဖြစ် လှုပ်ရှားလျက်ရှိနေပါတယ်။

WEi’s Yohan

Yohan ကလည်း ၂၀၁၉ ခုနှစ်ကပြုလုပ်ခဲ့တဲ့ Produce X 101 အစီအစဥ်မှာ ပထမနေရာရရှိပြီး X1 အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ အဖွဲ့ဖျက်သိမ်းပြီးနောက် တစ်ကိုယ်တော်အဆိုတော်အနေနဲ့ လှုပ်ရှားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ WEi ဆိုတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

ENHYPEN’s Jungwon

၂၀၂၀ ခုနှစ်တုန်းက I-LAND ဆိုတဲ့အစီအစဥ်မှာ အခြားယောကျ်ားလေး ၂၃ ယောက်နဲ့အတူ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပထမနေရာကို ရရှိခဲ့ကာ အခုဆိုရင်တော့ ENHYPEN အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်နေပါပြီ။

By MyStyle Myanmar