K-Pop Idols တွေအတွက်တော့ Dating ကောလဟာလတွေက ခနခနကြုံနေရတာပါ။ K-Pop Idols တွေရဲ့ Dating ကောလဟာလတွေက အင်တာနက်အသုံးပြုသူတွေကြားမှာ တစ်ခါတစ်လေ သူငယ်ချင်းအပေါင်းအသင်း ဒါမှမဟုတ် သူစိမ်းတွေနဲ့တောင် ထွက်တတ်ပါတယ်။ ဒီလို မမှန်တဲ့သတင်းထွက်လာရင် ဒီ K-Pop Idols တွေကတော့ သိချင်နေတဲ့ ပရိတ်သတ်တွေအတွက် ကောလာဟလတွေကို သတ္တိရှိရှိ ရှင်းထုတ်ခဲ့ပါတယ်။

Jungkook ( BTS )

အောက်တိုဘာ 2 ရက်နေ့မှာ Jungkook က အွန်လိုင်းပလက်ဖောင်းအမျိုးမျိုးမှာ ပြင်းထန်လွန်းတဲ့ ဆွေးနွေးမှုတွေ ဖြစ်စေခဲ့တဲ့ ကောလာဟလတွေကို ရှင်းစေဖို့ သူ့ရဲ့ အချစ်ရေးအကြောင်းကို တိုက်ရိုက်လွှင့်ပြီး ရှင်းခဲ့ပါတယ်။

Kim Nam-joon ( BTS )

အောက်တိုဘာလ 10 ရက်နေ့မှာ BTS ရဲ့ RM ကလည်း တိုက်ရိုက်ထုတ်လွှင့်မှု အတိုချုံးတစ်ခုကို လွှင့်ခဲ့ပြီး ARMY တွေနဲ့စကားပြောခဲ့ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ “မင်းရဲ့ရည်းစားကို မိတ်ဆက်ပေးပါ” ဆိုပြီး မေးတဲ့ မှတ်ချက်တစ်ခုကို ဖတ်လိုက်ရတဲ့အချိန်မှာ “ငါ့မှာ ရည်းစားမရှိဘူး၊ ငါ့မှာ ရည်းစားရှိရင် ငါက သူ့ကို မိတ်ဆက်ပေးမယ်၊ ဒါပေမယ့် ငါ့မှာ အခုမရှိဘူး၊ မင်း ရည်းစားရှာပေးနိုင်မလား” ဆိုပြီး သူက ချက်ချင်းပြန်ဖြေခဲ့ပါတယ်။

Jeon So-mi

SNS ကနေ တိုက်ရိုက်ထုတ်လွှင့်နေချိန် အဆိုတော် Jeon So-mi ကလည်း ” ရည်းစာသာရှိရင် ခေါက်ဆွဲ တစ်ယောက်တည်း မစားပါဘူး” ဆိုပြီး ပရိသတ်တစ်ယောက်ရဲ့မေးခွန်းကို ရယ်မောရင်း ဖြေရှင်းခဲ့ပါသေးတယ်။ သူမရဲ့ ကိုယ်ရေးကိုယ်တာဘဝအကြောင်း ပြောလာတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဩဂုတ်လတုန်းက ‘Witch Hunt 2023’ တီဗီရှိုးတစ်ခုမှာ ပါဝင်တုန်းကလည်း သူမရဲ့ရည်းစားဟောင်းက သူမကို ကပ်တွယ်နေတယ်ဆိုပြီး ရင်ဖွင့်ခဲ့ပါသေးတယ်။