တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာတဲ့အခါမှာ Trend တွေပဲ ပြောင်းလဲတာမဟုတ်ဘဲ လူတွေလည်း အသက်တစ်နှစ် ပိုကြီးလာကြပါတယ်နော်။ တစ်ကမ္ဘာလုံးက အာရုံစိုက်ခံနေရတဲ့ ကေပေါ့လောကမှာဆိုရင်လည်း အသက် (၁၈) နှစ်ပြည့်ကြတော့မယ့် အိုင်ဒေါလ်လေးတွေ ရှိနေပါတယ်။

သူတို့ထဲက အများစုက Debut လုပ်ပြီးတာ တော်တော်လေးကြာနေပြီဖြစ်သလို တချို့ကျတော့လည်း အိုင်ဒေါလ်သက်တမ်းငယ်ပါသေးတယ်။

ကဲ…ဒါဆိုရင်တော့ အသက် (၁၈) နှစ်ပြည့်တော့မယ့် ကေပေါ့အိုင်ဒေါလ်တွေက ဘယ်သူတွေဖြစ်မလဲ ကိုယ့်အိုင်ဒေါလ်ရော ပါမလားဆိုတာ အခုပဲ ကြည့်လိုက်ရအောင်ပါ။

Haruna (Billlie)

Billie အဖွဲ့ဝင် Haruna ရဲ့ မွေးနေ့က ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ဖြစ်ပြီးတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့မှာ Billie အဖွဲ့နဲ့ Debut လုပ်ခဲ့ပါတယ်။

Maki (&TEAM)

Maki ကိုတော့ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ &TEAM အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

Asa (BABYMONSTER)

လတ်တလော အရမ်းဟော့နေတဲ့ BABYMONSTER အဖွဲ့ဝင် Asa ရဲ့မွေးနေ့က ၂၀၀၆ ခုနှစ် ဧပြီလ (၁၇) ရက်နေ့ပါ။ BABYMONSTER အဖွဲ့ကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ Debut လုပ်ခဲ့ပါတယ်။

Haerin (NewJeans)

လက်ရှိတောင်ကိုရီးယားမှာ အရမ်းလူကြိုက်များနေတဲ့ မိန်ကလေးအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ NewJeans ရဲ့ ကြောင်ပေါက်စလေး Haerin ဟာဆိုရင်လည်း ၂၀၀၆ ခုနှစ် မေလ ၁၅ ရက်နေ့ဖွားဖြစ်လို့ ၂၀၂၄ ခုနှစ်မှာ အသက် (၁၈) နှစ်ပြည့်တော့မှာပါ။

Kyujin (NMIXX)

နောက်ထပ်နာမည်ကြီး မိန်းကလေးအဖွဲ့ဖြစ်တဲ့ NMIXX ရဲ့ အငယ်ဆုံးလေး Kyujin ရဲ့မွေးနေ့က ၂၀၀၆ ခုနှစ် မေလ ၂၆ ရက်နေ့ဖြစ်ပြီးတော့ NMIXX အဖွဲ့နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ Debut လုပ်ခဲ့ပါတယ်။

Jihoo (EVNNE)

Boys Planet အစီအစဥ်နဲ့ လူသိခဲ့တဲ့ EVNNE အဖွဲ့ဝင် Jihoo ကိုတော့ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

Eunchae (LE SSERAFIM)

အမြဲတမ်း အမိုက်စား Comeback တွေနဲ့ ပရိတ်သတ်တွေကို စိတ်မပျက်စေတဲ့ LE SSERAFIM အဖွဲ့ရဲ့ အငယ်ဆုံးလေး Eunchae ကလည်း ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ဖွားဖြစ်တာမို့ ၂၀၂၄ ခုနှစ်မှာ အသက် (၁၈) နှစ် ပြည့်တော့မှာပါ။

Woonhak (BOYNEXTDOOR)

ပရိတ်သတ်တွေသတိထားမိတဲ့ တက်သစ်စ အမျိုးသားအဖွဲ့ BOYNEXTDOOR ရဲ့ အဖွဲ့ဝင် Woonhak ရဲ့ မွေးနေ့က ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ဖြစ်ပြီးတော့ အသက် (၁၆) နှစ်နဲ့ Debut လုပ်ခဲ့တာဖြစ်ပါတယ်။

Seowon (Lapillus)

Lapillus အဖွဲ့ဝင် Seowon ရဲ့ မွေးနေ့က ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ဖြစ်ပါတယ်။