လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းကို ထိုးဖောက်နိုင်ပြီး တော်တော်လေးကို လူကြိုက်များခဲ့တဲ့ ကိုရီးယားဇာတ်ကားတွေ တော်တော်များများက ပထမတွဲမှာ အရမ်းကောင်းခဲ့တော့ ဒုတိယတွဲထပ်ပြီး ထွက်လာအုံးမယ်လို့ သတင်းကြားခဲ့ပြန်ရင် ကောင်းမလား ကောင်းမလားဆိုပြီး မျှော်ရတာလည်း အမောပါပဲ။

ဒါပေမယ့် အများစုကတော့ ဒုတိယတွဲတွေ တကယ်တမ်းထွက်လာတဲ့အခါ ပထမတွဲလောက် ထိရောက်တဲ့ရသ၊ ဇာတ်အိမ်တွေကို မပေးစွမ်းနိုင်တာကို မြင်တွေ့ကြရမှာပါ။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ဇာတ်ကား (၇) ကားကတော့ ပထမတွဲနီးနီး ဒုတိယတွဲတွေလည်း အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ်။

1. Kingdom Season 2 (2020)

Thriller ကားတွေ ကြိုက်ကြသူတွေအနေနဲ့ နာမည်ကြီး ဇွန်ဘီကားဖြစ်တဲ့ Kingdom ကို ကြည့်ကိုကြည့်ဖူးကြမယ် ထင်ပါတယ်နော်။ ပထမတွဲက လူကြိုက်အရမ်းများခဲ့သလို ဒုတိယတွဲကလည်း ပိုပြီးပြင်းထန်တဲ့ဇာတ်အိမ်နဲ့ ထပ်ထွက်လာတာကြောင့် ချီးမွမ်းစကားတွေလည်း ရခဲ့ပါသေးတယ်။

2. Tale of the Nine Tailed 1938 (2023)

Lee Dong Wook နဲ့ Kim Bum မင်းသားနှစ်ယောက်အပြင် Penthouse ဇာတ်လမ်းတွဲမှာ ဗီလိန်ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီး Kim So-yeon လည်း Season 2 မှာ ထပ်မံပါဝင်သရုပ်ဆောင်ခဲ့လို့ ပထမတွဲထက်တောင်မှ လူကြိုက်များခဲ့တယ်လို့ ပြောလို့ရနိုင်ပါတယ်။

3. Hospital Playlist 2 (2021)

သူငယ်ချင်းသံယောဇဥ်ဇာတ်လမ်းတွဲလေးဖြစ်ပြီး ဟာသဇာတ်အိမ်နှောထားလို့ ရယ်မောရင်း ပေါ့ပေါ့ပါးပါးကြည့်နိုင်တဲ့ Hospital Playlist ကတော့ ပထမတွဲရော ဒုတိယတွဲရော လူကြိုက်များခဲ့ပါတယ်။ ဒါ့အပြင် တတိယတွဲလည်း ထပ်ထွက်ဖို့တောင် မျှော်လင့်နေကြပါသေးတယ်။

4. Taxi Driver 2 (2023)

Taxi Driver ဇာတ်လမ်းတွဲကလည်း ပထမတွဲရော ဒုတိယတွဲပါ တော်တော်လေး လူကြိုက်များခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ ရှားရှားပါးပါးတွေထဲက တစ်ခုပါ။ အတွဲနှစ်ခုလုံးက ကြည့်ရှုနှုန်းတွေလည်း များခဲ့ပါတယ်။

5. D.P. 2 (2023)

အက်ရှင်ကားတွေကို ကြိုက်ကြသူတွေအနေနဲ့ D.P. ကို ကြည့်ဖူးကြလောက်မယ် ထင်ပါတယ်။ အတွဲတစ်ခုနဲ့တစ်ခုက ဇာတ်အိမ်ဆက်စပ်နေလို့ ပျင်းစရာမဖြစ်တော့ပါဘူး။

6. Dr. Romantic 2 (2020)

Dr. Romantic ဇာတ်ကားမှာတော့ ပထမတွဲရော ဒုတိယတွဲရောက ဆေးပညာအကြောင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားက ပြောဆိုဆက်ဆံမှုတွေနဲ့ အခက်အခဲတွေကို ကျော်လွှားကြပုံတွေကို ရပ်သပ်ရှုမောဖွယ် ကြည့်ရှုရတဲ့ ဇာတ်လမ်းတွဲပါ။

7. Alchemy of Souls: Light and Shadow (2022)

ဒီကားကတော့ မင်းသမီး Go Yoon Jung နဲ့ မင်းသား Lee Jae-wook တို့ကို ပိုနာမည်ကြီးသွားစေတဲ့ ဇာတ်လမ်းတွဲလေးပါ။