အခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အခက်အခဲအကျပ်အတည်းကြီးက ပေါ့ပေါ့တန်တန်တွေးယူလို့မရတဲ့ အခြေအနေတစ်ခုပါ။ ဘယ်မှမသွားရ၊ ဘယ်မှမထွက်ရဖြစ်နေတဲ့အခြေအနေမှာ အိမ်မှာငုတ်တုပ်ကြီးမို့ ကြာလာတော့ပျင်းလွန်းလာတာပေါ့။ ဒါကြောင့် စကားပြောဖော်လည်းမရှိ၊ ဘာမှမလုပ်ရတဲ့ အခုလိုအထီးကျန်အခြေအနေကို သက်သာရာရစေဖို့အတွက် ကြည့်သင့်တဲ့ ကိုရီးယားကားကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

တစ်ချို့လူတွေအတွက်တော့ အကုန်လုံးက ကြည့်ပြီးသားဖြစ်နိုင်ပေမယ့်လည်း ပြန်ကြည့်နိုင်အောင်နဲ့ မကြည့်ရသေးသူတွေလည်း ကြည့်လို့ရအောင် ဝေမျှပေးတာဖြစ်ပါတယ်။

1. “Flower Boy Next Door”

Source: We-Heart-It

Source: Amino Apps

ဘယ်သူနဲ့မှ အကျွမ်းတဝင်မရှိဘဲ အရမ်းရှက်တတ်လို့ တစ်ယောက်တည်းနေနေသူ ကိုဒိုမီ အဖြစ် မင်းသမီးချော ပတ်ရှင်ဟေးက သရုပ်ဆောင်ထားပါတယ်။ အပြင်ထွက်ရတာကိုသိပ်မကြိုက်ပေမယ့်လည်း သူမနေထိုင်တဲ့တိုက်မျက်နှာချင်းဆိုင်က အိမ်နီးနားချင်ကို တစ်ဖက်သတ်ကြိုက်နေသူလေးပါ။ တစ်နေ့မှာတော့ Enrique Geum လို့ခေါ်တဲ့ ထူးထူးဆန်းဆန် ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ရာကနေ ဘယ်လိုအပြောင်းအလဲတွေ ကိုဒိုမီ ဘဝမှာ ဖြစ်လာမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။

2. “It’s Okay, That’s Love”

Source: Sporcle

Source: Chingu to the World

မင်းသားချော Jo In Sung သရုပ်ဆောင်ထားတဲ့ ဂျန်ဂျယ်ယောဆိုတဲ့ ကောင်လေးပေါ်မှာ အဓိကအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးပါ။ နာကျင်စရာအဖြစ်အပျက်တွေကို ငယ်စဥ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ စာရေးဆရာဖြစ်ပြီးတော့ ဂျီဟယ်ဆူးလို့ခေါ်တဲ့ စိတ်ရောဂါဆရာဝန်မလေးနဲ့ ဆုံတွေ့ရာကနေ ရိုမန့်စ်ပေါ်ပေါက်လာမှာပါ။

ဒီဇာတ်ကားလေးရဲ့ ဘောနပ်စ်ကတော့ ပျိုမေတို့သည်းသည်းစွဲ EXO အဖွဲ့ဝင် D.O. ပါဝင်ထားတာပဲဖြစ်ပါတယ်နော်။

3. “Because This Is My First Life”

Source: Steam Community

Source: JustWatch

ဒီဇာတ်လမ်းတွဲလေးကတော့ နမ်ဆယ်ဟီး (Lee Min Ki) နှင့် ယွန်းဂျီဟို (Jung So Min) တို့နှစ်ဦးကြားက မထင်မှတ်ဘဲပေါ်ပေါက်လာတဲ့ Relationship အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ အသက် ၃၀ ထဲကို ဝင်နေကြပြီဆိုပေမယ့်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်စရာ ပိုက်ဆံများများစားစားမရှိသေးပါဘူး။ ဂျီဟိုတစ်ယောက် ဆယ်ဟီးရဲ့အိမ်မှာ အိမ်ငှားအဖြစ်နေရာကနေ စတင်ပြီးတော့ ငွေရေးကြေးရေးအခက်အခဲတွေကို အတူတူမျှဝေခံစားကြမယ့် ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

4. “Love in the Moonlight”

Source: We Heart It

Source: AsianWiki Blog

အိမ်ရှေ့စံ Lee Yeong (Park Bo Gum) နှင့် မိန်းမစိုး Hong Ra On (Kim Yoo Jung) တို့နှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးပါ။ Hong Ra On (Kim Yoo Jung) ဟာ မိန်းကလေးဖြစ်နေပေမယ့်လည်း မိန်းမစိုးအနေနဲ့ နန်းတွင်းကိုဝင်ရောက်ခဲ့ရာကနေ အိမ်ရှေ့စံနဲ့ ဘယ်လိုတွေဆုံတွေ့ပြီး အချစ်ဇာတ်လမ်းလေး ပေါ်ပေါက်လာမလဲဆိုတာကို မကြည့်ရသေးသူအတွက် လက်တို့ပေးချင်ပါတယ်။

5. “Meow, the Secret Boy“

Source: Tumbral.com

Source: www.koreastardaily.com

ဒီဇာတ်လမ်းတွဲကတော့ အခုမှထွက်ထားတဲ့ အသစ်စက်စက်လေးဖြစ်ပြီး မင်းသမီးချော Shin Ye Eun နှင့် Kim Myung Soo တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကြောင်ချစ်သူတွေအတွက်တော့ ဒီဇာတ်လမ်းလေးထဲမှာ ဖြူဖြူဖွေးဖွေးကြောင်လေးကို ထည့်သွင်းထားပြီး လူသားအဖြစ်ပြောင်းလဲနိုင်တဲ့ ကြောင်လေးဖြစ်တာကြောင့် ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်လာမလဲနော်။

6. “Who Are You: School 2015”

Source: WiffleGif

Source: iniKpop

အွန်းဗျောလို့အမည်ရတဲ့ ကောင်မလေးဟာ သူမရဲ့ကျောင်းမှာ အင်မတန်လူသိများတဲ့ ကျောင်းသူတစ်ယောက်ဆိုပေမယ့်လည်း တခြားသူတွေမသိကြတဲ့ သူမရဲ့အမြွှာညီမဖြစ်တဲ့ လီအွန်းဘီကတော့ ကံမကောင်းရှာပါဘူး။ သို့သော်လည်း ကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့ပြီး နှစ်ယောက်သားဘဝပြောင်းလဲခဲ့ပါတယ်။ မင်းသားချောတွေဖြစ်တဲ့ Nam Joo Hyuk နှင့် Yook Sungjae တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

8. “Reply 1988”

Source: A Gypsy Sorceress’s Library – WordPress.com

Source: What’s on Netflix

ဒီဇာတ်လမ်းတွဲကိုတော့ ၈၀ ခုနှစ်ပိုင်းမှာ အခြေခံထားတာဖြစ်ပြီးတော့ ငယ်စဥ်ကတည်းက အတူသွား အတူလာလုပ်ခဲ့ကြတဲ့ သူငယ်ချင်းငါးယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Girl’s Day အဖွဲ့ဝင် Hyeri က ခေါင်းဆောင်မင်းသမီး Sung Deok Sun နေရာမှာသရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ပရိတ်သတ်တွေအသည်းကိုဖမ်းစားမယ့် မင်းသားချော Park Bo Gum နှင့် Ryu Jun Yeol တို့လည်း ပါဝင်ထားပါတယ်။