ကမ္ဘာတစ်ဝှမ်းက K-drama ပရိသတ်တွေကြားမှာ ကိုရီးယားဒရာမာတွေနာမည်ကြီးတာက ဆွဲဆောင်မှုရှိပြီး လုံးဝကိုကြွေဆင်းရတဲ့ အချစ်ဇာတ်လမ်းတွေကြောင့် နာမည်ကြီးတာများပါတယ်။ ဒီလိုအချစ်ဇာတ်လမ်းတွေထဲကမှ ဘယ်အချိန်ကြည့်ကြည့် လုံးဝမရိုးတဲ့ဇာတ်လမ်းတချို့ကို ပြန်ပြီးဝေမျှလိုက်ပါတယ်။

အကြိုက်တူတဲ့ဇာတ်လမ်းတွေဖြစ်နေရဲ့လားဆိုတာ ကြည့်ကြည့်ရအောင်…

“My Dearest”

Joseon သမိုင်းကို နောက်ခံထားပြီး အိမ်ထောင်ရေးဆိုတာကို လက်မခံတဲ့ Namgoong Min နဲ့ အချစ်ကို ရှာဖွေချင်တဲ့ မိန်းမချော Yoo Gil Chae တို့ကြား အချစ်ပေါက်ဖွားလာပုံကို ပုံဖော်ထားတဲ့ ဒီအချစ်ဇာတ်လမ်းက သမိုင်းဝင် အချစ်ဒရာမာတစ်ခုပါ။ ဒီဇာတ်လမ်းတွဲရဲ့ ထူးခြားချက်ကတော့ အဓိကဇာတ်ကောင်ရဲ့ အချစ်က ဇာတ်လမ်းပိုင်းကို အရမ်းနက်ရှိုင်းစေတာကြောင့် ဇာတ်လမ်းတွဲကြည့်ရှုသူတွေကို လုံးဝဖမ်းစားနိုင်ခဲ့ပါတယ်။

“Guardian: The Lonely and Great God”

အသက် 900 နှစ်အရွယ် မှင်စာ Gong Yoo က Kim Shin လို့ခေါ်တဲ့ သူ့ရဲ့သတို့သမီးကို စောင့်နေပြီး ထွက်သွားဖို့အဆင်သင့်ဖြစ်နေတဲ့သူပါ။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ Ji Eun Tak နဲ့တွေ့တဲ့အခါမ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် လုံးဝချစ်မိသွားကြတယ်။ ကံကြမ္မာကို အံတုကြတဲ့ သူတို့နှစ်ယောက်ကြားကအချစ်က မေ့မရနိုင်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်လာခဲ့ပါတယ်။

“Crash Landing on You”

တောင်ကိုရီးယားက နာမည်ကြီးသူဌေးမလေး Yoon Se Ri တစ်ယောက် လေထီးစီးရင်း လေမုန်တိုင်းကြောင့် မြောက်ကိုရီယားရောက်သွားချိန် Ri Jung Hyuk လို့ခေါ်တဲ့ မြောက်ကိုရီယားကဗိုလ်ကြီးနဲ့ ဆုံခဲ့ပါတယ်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ချစ်မိသွားကြပြီး Jung Hyuk က Se Ri ကို တောင်ကိုရီးယားကို ပြန်ရအောင် ကူညီပေးဖို့ ကြိုးစားရင်း နယ်နိမိတ်တွေကိုကျော်လွန်ပြီးဖြစ်လာတဲ့ သူတို့နှစ်ယောက်ကြားကအချစ်က ပရိတ်သတ်တွေရဲ့နှလုံးသားကို လုံးဝထိစေခဲ့ပါတယ်။

“Scarlet Heart: Ryeo”

Hae Soo တစ်ယောက် Goryeo ခေတ်ကို ပြန်ရောက်သွားချိ်န် Wang So လို့ခေါ်တဲ့ လူဆိုးမင်းသားလေးနဲ့ ချစ်မိသွားခဲ့ပေမယ့် Wang So နဲ့ Hae Soo တို့ရဲ့ အချစ်ဇာတ်လမ်းက ခါးသီးလွန်းပါတယ်။ တာဝန်ကြောင့် ခွဲနေရပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်ကြတဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းက သမိုင်းဝင်ဒရာမာဖြစ်ခဲ့ပြီး အချိန်ခရီးသွားအချစ်ဇာတ်လမ်းတွေထဲမှာ ဆွဲဆောင်မှုရှိတယ်လို့ ချီးကျူးခံခဲ့ရပါတယ်။