တချို့ဇာတ်လမ်းတွဲတွေက ချစ်သူ ဒါမှမဟုတ် တစ်ယောက်တည်းကြည့်လို့ကောင်းပေမယ့် ဒီဇာတ်လမ်းတွဲတွေကတော့ ချစ်တဲ့သူငယ်ချင်းတွေနဲ့ အတူကြည့်မှ ပြည့်စုံတယ်လို့ ထင်ရစစေပါတယ်။ ပျော်စရာကောင်းတဲ့ ဒီ K-drama တွေက သူငယ်ချင်းတွေကြားတွေက ခင်မင်ရင်းနှီးမှုနှောင်ကြိုးကို လုံးဝထင်ရှားအောင် ရိုက်ထားတာမလို့ အမှတ်တရဟောင်းတွေကို ပြန်သတိရပြီး အရင်ကပျော်စရာကောင်းတဲ့အချိန်တွေကို လွမ်းမိမှာ အသေအချာပါပဲ။

Hospital Playlist

အသက် ၄၀ ကျော်ရှိပြီဖြစ်တဲ့ ဒီဆရာဝန် ၅ ယောက်က ဆေးကျောင်းမှာကတည်းက စသိခဲ့ကြပြီး အခုထိ ခိုင်မာနေဆဲပါ။ အစာအတူတူစား ၊ ပျော်စရာအကြောင်းတွေကို မျှဝေကြပြီး ဘာပဲဖြစ်ဖြစ် အချင်းချင်း အမြဲရှိနေတတ်တဲ့ သူငယ်ချင်းတွေကိုအကြောင်းကို အသားပေးရိုက်ထားတာပါ။

Reply 1988

သူငယ်ချင်းငါးယောက်နဲ့ သူတို့ရဲ့မိသားစုတွေကြားက နှောင်ကြိုးကို ရိုက်ထားတဲ့ ဒီဇာတ်လမ်းတွဲက လူတော်တော်များများရဲ့ အကြိုက်ဆုံးဇာတ်လမ်းတွဲတွေထဲက တစ်ခုပါ။

Dear My Friends

ဒီဒရမ်မာကတော့ အထက်တန်းကျောင်းကတည်းက သိခဲ့ကြတဲ့ အသက်ကြီး အမျိုးသမီး အမျိုးသား တို့ရဲ့ အချင်းချင်းကြားက နှောင်ကြိုးကို ရိုက်ထားတာပါ။

Fight For My Way

သူ့ရဲ့ဇာတ်လမ်းကတော့ ကောလိပ်တက်ပြီး အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ရုန်းကန်နေရတဲ့ အသက် 20 အရွယ်ရှိ လူငယ်တွေအကြောင်းပါ။

Twenty-Five, Twenty-One

အသက် 22 နဲ့ 18 နှစ်မှာ ဆုံခဲ့ကြတဲ့ လူနှစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ဒီဒရမ်မာက သင့်ခံစားချက်တိုင်းကို နာကျင်မှုတွေ ခံစားစေပါလိမ့်မယ်။