ကိုရီးယားနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားတဲ့နေရာမှာ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ ကေပေါ့အဖွဲ့တွေ၊ အစားအသောက် စသဖြင့် စုံလင်လှတဲ့ အထဲကမှ အခုတစ်ခါ ဖော်ပြပေးချင်တာကတော့ ၂၀၂၂ ခုနှစ်အတွင်း လူကြိုက်များခဲ့တဲ့ ဇာတ်ဝင်တေးတွေပဲဖြစ်ပါတယ်။

ဇာတ်လမ်းဇာတ်အိမ်ကို မရိုးရစေဖို့နဲ့ ပိုပြီးစီးမျောလိုက်နာစေဖို့ ဒီဇာတ်ဝင်တေးလေးတွေက အနောက်ကနေ ထောက်ပံ့ပေးနေတာပါ။ တချို့သီချင်းလေးတွေက အေးအေးလူလူလေးတွေဖြစ်သလို တချို့သီချင်းတွေကျတော့လည်း မြူးမြူးကြွကြွလေးတွေပါနော်။

ကဲ..ဒါဆိုရင် ၂၀၂၂ ခုနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ ဘယ်ဇာတ်ကားတွေထဲက ဘယ်သီချင်းလေးတွေဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်နော်။

Jimin (BTS) & Ha Sung-woon – “With you”

ထိပ်တန်းမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Our Blues ကိုရီးယားဇာတ်လမ်းတွဲအတွက် BTS အဖွဲ့ဝင် Jimin နဲ့ Ha Sung-woon တို့ သီဆိုထားတဲ့ နောက်ခံသီချင်းလေးဖြစ်ပါတယ်။ သီချင်းအေးအေးလေးတွေကြိုက်သူတွေဆို အင်မတန်သဘောကျမှာပါ။

Chancellor – “Because of You”

Kang Daniel နဲ့ Chae Soo Bin တို့ ပါဝင်ထားတဲ့ Rookie Cops ဇာတ်ကားလေးကတော့ လူငယ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းဇာတ်အိမ်ဖြစ်သလို သီချင်းလေးကလည်း အတူတူလိုက်ပါခံစားနိုင်မယ့် မယ်လိုဒီလေးနဲ့ပါ။

MeloMance – “Love, Maybe”

ဒီသီချင်းလေးကတော့ ၂၀၂၂ ခုနှစ်ထဲမှာ အင်မတန်ဟော့ဖြစ်သွားခဲ့တဲ့ Business Proposal ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေးလေးပါ။ အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေကို သီဆိုလေ့ရှိတဲ့ MeloMance အဖွဲ့က သီဆိုထားပြီး ဇာတ်လမ်းထဲက မင်းသမီး Kim Se-jeong နဲ့ မင်းသား Ahn Hyo-seop တို့ကလည်း နှစ်ဦးသားသီဆိုထားပါသေးတယ်။

Taeil – “Starlight”

လူငယ်ဇာတ်လမ်းတွဲဖြစ်တဲ့ Twenty-Five Twenty-One ရဲ့ ဇာတ်ဝင်တေးဖြစ်ပြီး ငယ်ရွယ်မှုရဲ့ နွေးထွေးတဲ့ခံစားချက်တွေကို သရုပ်ဖော်ထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

Lim Young Woong – “Love Always Run Away”

ဒီသီချင်းလေးကတော့ စာရေးသူအကြိုက်ဆုံး သီချင်းလေးပါ။ ငြိမ့်ငြိမ့်ညောင်းညောင်းလေးကိုမှ သီချင်းအေးအေးလေးဖြစ်တာမို့ မိုးရွာတဲ့အချိန်တွေမှာ၊ ဒါမှမဟုတ် ညဖက်အိပ်ချိန်တွေမှာ နားထောင်ဖို့အတွက် အထူးသင့်တော်ပါတယ်။ ဒီသီချင်းလေးက KBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Young Lady and Gentleman ဇာတ်ကားထဲက ဇာတ်ဝင်တေးလေးဖြစ်ပြီး ထွက်ရှိခဲ့ပြီးနောက် အင်မတန်လူကြိုက်များခဲ့ပါတယ်။