ကိုးရီးယား ဒရာမာကားတွေမှာ အခုနောက်ပိုင်း မင်းသမီးတွေရဲ့ အလှတွေက ဂရုစိုက်ပြီး ကြည့်စရာ တစ်ခု ဖြစ်လာပါတယ်။ မင်းသမီးတွေရဲ့ တစ်နေ့တခြား ပိုကြည့်ကောင်းလာတဲ့ မိတ်ကပ် Look က ဘယ် Look မှ ယှဉ်မရအောင် လှနေတတ်ပါတယ်။ Makeup Look အများစုက လိမ်းထားတယ် မထင်ရစေဘဲ သဘာဝဆန်ဆန် လှနေတာမျိုးပါ။ မျက်နှာလေး မွှတ်ပြီး အပြစ်ပြောစရာ မလိုအောင် Perfect လို့ ပြောရတဲ့ အထိပါပဲ။ ဒီတစ်ခေါက်မှာတော့ K Drama ဇာတ်လမ်းထဲက မင်းသမီးတွေလို Natural Makeup Look ခြယ်ချင်သူတွေအတွက် လိမ်းခြယ်နည်းတွေကို ဖော်ပြပါရစေ။

Skincare Step

ပထမဆုံးအနေနဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ Skincare Step ကို ကျော်လို့ မရပါဘူး။ Toner, Eye cream, Essence, emulsion, Moisturizer Cream, Sunscreen စတဲ့ အဆင့်တွေကို ပုံမှန်အတိုင်း လိမ်းပေးရပါမယ်။

ဖောင်ဒေးရှင်း

မျက်နှာကို Mist ဖြန်းပြီးနောက် ဖောင်ဒေးရှင်းလိမ်းရင် အသားအရေ ပိုကြည်စေပါတယ်။ ဖောင်ဒေးရှင်းကို Brush နဲ့ လိမ်းနိုင်သလို Beauty Sponge နဲ့ပါ လိမ်းနိုင်ပါတယ်။ သင်နဲ့ အဆင်အပြေဆုံး နည်းလမ်းကို သုံးပြီး လိမ်းပေးရပါမယ်။

Eyeshadow

Eyeshadow အရောင်ကိုတော့ သဘာဝဆန်ဆန် ပန်းရောင်သန်းတာလေး ရအောင် ပန်းရောင် Eyeshadow သုံးပေးရပါမယ်။ သင့်မျက်ခွံ့ကို ပါးပါးလေး ခြယ်ပြီးနောက် မျက်လုံးအောက်မှာပါ ခြယ်ပေးရပါမယ်။ ပန်းရောင်ပြီးရင် ထပ်သုံးပေးရမှာက အညိုရောင်ပါ။ အညိုရောင်ကို သင့်မျက်လုံးထောင့်နဲ့ မျက်လုံးအောက်မှာ ပါးပါးလေး ခြယ်ပေးရပါမယ်။

မျက်တောင်ကော့ပါ

သဘာဝဆန်ဆန်နဲ့ မျက်တောင်ကော့ကော့လေး ပိုင်ဆိုင်ဖို့ အရေးကြီးတာကြောင့် Eyelash Curler နဲ့ မျက်တောင်ကော့ပေးရပါမယ်။

Eyeliner

Eyeliner ကို မျက်လုံးနဲ့ နီးနီးကပ်ကပ် ခြယ်ပေးရပါမယ်။ မျက်တောင်ပေါက်တဲ့ လိုင်းနဲ့ မျက်တောင်အောက် ခြယ်နိုင်ရင် ပိုအဆင်ပြေပါတယ်။ ထူလွန်းရင် သဘာဝမဆန်နိုင်တာကြောင့် သတိထားပြီး ခြယ်ပေးသင့်ပါတယ်။ ခြယ်ထားတဲ့ Eyeliner ကို မျက်လုံးအောက်မှာ ပြန့်သွားအောင် Brush လေးနဲ့ Blend ပေးရပါမယ်။ Eyeliner ခြယ်တဲ့ အမျိုးအစားကို ခဲတံသုံးပေးသင့်ပါတယ်။

မျက်လုံးထောင့်မှာ Eyeliner

မျက်လုံးပေါ်မှာ အသေးစိတ်ကျကျနဲ့ အလင်းအမှောင် ညီညီညာညာ ရနိုင်ဖို့ မျက်လုံးထောင့်မှာ Eyeliner အနည်းငယ် တင်ပေးရပါမယ်။ ပြီးရင်တော့ သေချာလေး Blend ပေးရပါမယ်။

မျက်တောင်ကော့ဆေး၊ မျက်ခုံး

ကော့ပြီးသား မျက်တောင်ကို မျက်တောင်ကော့ဆေးနဲ့ ပိုရှည်သွားအောင် လုပ်ပေးရပါမယ်။ မျက်ခုံးခြယ်တဲ့အခါ ကိုယ့်ဆံပင်ထက် တစ်ဆင့် ဖျော့တဲ့ အရောင်ကို ရွေးချယ်သင့်ပါတယ်။

နှာတံဖော်ပါ

သဘာဝဆန်ဆန်လေး ရနိုင်ဖို့ မျက်ခုံးခြယ်ထားတာက ပိုတဲ့ အရောင်နဲ့ပဲ နှာတံကို ဆက်ပြီး ဖော်ပေးရပါမယ်။

Blusher

ပါးနီကို ပါးပါး ကြည်ကြည်လေးရအောင် ပါးမို့မို့လေးပေါ် ခြယ်ပေးရပါမယ်။

နှုတ်ခမ်းနီဆိုးပါ

နောက်ဆုံးအဆင့်အနေနဲ့တော့ နှုတ်ခမ်းနီဆိုးပေးရပါမယ်။ Matt Lip Tint တွေကို ကိုးရီးယားမင်းသမီးတွေ အသုံးများပါတယ်။

Photo Source: Pinterest

By MyStyle Myanmar