လက်သည်းနီကို ပုံမဖော်တတ်လို့ စိတ်ညစ်မနေပါနဲ့။ ကိုယ့်နားမှာ သတင်းစာစက္ကူနဲ့ အရက်ပျံရှိရင် လက်သည်းနီ ခပ်မိုက်မိုက်လေး ဆိုးလို့ရပါပြီ။

အမျိုးသမီးတွေရဲ့ အလှအပလို့ ဆိုရာမှာ လက်သည်းနီဒီဇိုင်းလေးတွေကိုလည်း ချန်ခဲ့လို့မရပါဘူး။ ဒါကြောင့် အိမ်မှာ အလွယ်တကူပြုလုပ်လို့ရမဲ့ နည်းလမ်းလေးကိုမျှဝေလိုက်ပါတယ်

လိုအပ်တဲ့ပစ္စည်းများ

  • လက်သည်းနီ အကြည်
  • ကိုယ်ကြိုက်နှစ်သက်တဲ့ လက်သည်းနီအရောင်တစ်မျိုးမျိုး (ဥပမာ- ခဲရောင်၊ မီးခိုးရောင်)
  • နားဂျက်တံ ၃ ခု (သို့) ဝါဂွမ်းစ
  • သတင်းစာ စက္ကူ (သို့) စာရေးထားတဲ့ စက္ကူတစ်မျိုးမျိုး

ပြုလုပ်နည်း

အရင်ဦးဆုံး လက်သည်းကို အကြည်ဆိုးလိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ လက်သည်းနီ အောက်ခံအရောင်တမျိုးမျိုးကိုဆိုးပါ။ ခြောက်တဲ့ထိထားပါ။

ခြောက်သွားပြီဆိုရင် အရက်ပျံကို ခွက်တစ်လုံးထဲလောင်းထည့်လိုက်ပါ။ ပြီးရင် လက်သည်းကို ၁၅ စက္ကန့် ၂၀ စက္ကန့်လောက်အရက်ပျံထဲမှာ နှစ်ပြီး စိမ်ထားပေးပါ။

ပြီးရင် သတင်းစာစက္ကူ အပိုင်းအစသေးသေးလေးကို လက်သည်းပေါ်မှာ ကပ်ပေးပါ။

ပြီးရင် ခွာပေးပါ။ လက်သည်းမှာတင်မဟုတ်ဘဲ လက်ချောင်းလေးတွေမှာ ကပ်နေတဲ့ လက်သည်းနီကို ဝါဂွမ်း (သို့) နားဂျက်တံနဲ့ သုတ်ပစ်ပါ။ ပြီးရင်တော့ လက်သည်းနီအပေါ်မှာ အကြည်တစ်ထပ်ထပ်ဆိုးပါ။