မင်္ဂလာပါနော်။ မင်းသမီးလေး Jun Ji Hyun ကို အားလုံးပဲ သိကြမယ် ရင်းနှီးကြမယ်လို့ထင်ပါတယ်နော်။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။
ကလေး (၂) ယောက်မိခင်ဆိုပေမယ့် နုပျိုနေဆဲ မင်းသမီး တစ်လက်ဖြစ်သလို အမြဲတမ်းလည်း ဖက်ရှင်ကျနေသူတစ်ဦးဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၃၆ နှစ်ရှိပြီဆိုပေမယ့် သူမရဲ့ နုပျိုမှုက ပရိသတ်တွေ အံ့သြရလောက်ပါတယ်။
အရပ်အမြင့် ၁.၇၃ မီတာ (၅ပေ ၈လက်မကျော်) ရှိပြီး အရပ်မြင့်မြင့်နဲ့ ဖက်ရှင်ကျသူပါ။
၂၀၀၁ ခုနှစ်ကထွက်ခဲ့တဲ့ My Sassy ဇာတ်လမ်းတွဲနဲ့ အောင်မြင်ခဲ့ပြီး အဲဒီနောက်ပိုင်းဇာတ်လမ်းတွြတွေလည်း အများကြီး ပါဝင်ရိုက်ကူးခဲ့သလို၊ ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့သူဖြစ်ပါတယ်။
ပွဲတက်ရင်လည်း ပွဲတက်ဖက်ရှင်မို့ အပြင်မှာတွေ့ရင်လည်း ရိုးရိုးရှင်းရှင်းမို့ တမျိုးလေး ဖက်ရှင်ကျသူဖြစ်ပါတယ်။
မင်းသမီး Jun Ji Hyun ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေကို မျှဝေပေးခဲ့ပါတယ်။