အသီးအနှံတွေဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ အဓိကကျတဲ့ အရာတွေပါ။ ဒီအထဲကမှ ကျန်းမာစေပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည် ၆ မျိုးကို မျှဝေချင်ပါတယ်။
၁။ သခွားသီးဖျော်ရည်
ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ အပြင် အသားအရေကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ တစ်နေ့ ၂ ခွက် ပုံမှန်သောက်ပေးပါ။
၂။ မုန်လာဥနီဖျော်ရည်
မျက်လုံးအားကောင်းစေပြီ အကြောတက်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဗိုက်ပြည့်လွယ်တာကြောင့် ညဘက်တွေမှာ သောက်သုံးသင့်ပါတယ်။ အချိုကိုတော့ပါတယ်ဆိုရုံပဲ ထည့်သင့်ပါတယ်။
၃။ ဂေါ်ဖီထုပ်ဖျော်ရည်
ဂေါ်ဖီထုပ်ကို ဖျော်ရည်လုပ်သောက်ဖို့ ဆိုတာ အဆန်းတော့ ဖြစ်နေမှာပါ။ ဒါပေမယ့် အမှန်တကယ် အဆီကျချင်တယ်ဆိုရင်တော့ ဒီနည်းက သင့်တော်ပါတယ်။ ဂေါ်ဖီထုပ်ကို ဟင်းရည်အဖြစ် ချက်သောက်ရင်လည်း ရပါတယ်။
၄။ တရုတ်နံနံဖျော်ရည်
အသက်ရှည်ဆေးလို့တောင် ပြောကြတဲ့ တရုတ်နံနံပင်ကို အရည်ကြိတ် သောက်ပေးရင်တော့ သွေးထဲက အဆီဓာတ်ကိုပါ ဖယ်ရှားပေးပါလိမ့်မယ်။ အနံ့ကတော့ နည်းနည်း သည်းခံရမယ်လို့ ပြောပါရစေ။
၅။ ဟင်းနုနွယ်ဖျော်ရည်
ဟင်းနုနွယ်ကို သတ္တုရည်အဖြစ် ပြောင်းသောက်လိုက်တဲ့အခါ ဝမ်းကို မှန်စေတယ်။ အရေပြား ပြဿနာကို သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို မျက်စိကိုလည်း ကြည်လင်စေပါတယ်။
၆။ ခရမ်းချဉ်သီး ဖျော်ရည်
ခရမ်းချဉ်သီး ဖျော်ရည်ဟာ အရသာ ရှိပြီး သောက်လို့ကောင်းတဲ့ ဖျော်ရည်မျိုးပါ။ ကိုယ်အလေးချိန်အတွက်ဆိုရင်တော့ အချိုကို လျှော့ထည့်ပါ။
Credit: stylesatlife