Modest Fashion နဲ့ ပတ်သက်ရင် Blackpink အဖွဲ့ဝင် Jisoo ကလည်း ဘုရင်မ တစ်ပါးပါပဲ။ စကပ်တိုတွေ၊ အသားဖော်လွန်းတာတွေ မဟုတ်ဘဲ လုံခြုံတဲ့ ဝတ်ဆင်ပုံနဲ့ ပိုလိုက်တဲ့ မိန်းကလေးတွေ ရှိပါတယ်။ ဒီထဲ Jisoo လည်း ပါဝင်ပါတယ်။ သူမက လုံခြုံတဲ့ ဖက်ရှင်ဆိုတာထက် မိန်းကလေးဆန်တဲ့ ဖက်ရှင်နဲ့ လိုက်တယ်လို့ ပြောရင် ပိုမှန်ပါတယ်။ သူမက အဖွဲ့ထဲမှာလည်း အလှဆုံး Visual ကို ပိုင်ဆိုင်တယ်လို့ ပြောလို့ရပါတယ်။ Jisoo က တခြားအဖွဲ့ဝင်တွေထက် စာရင် ဘောင်းဘီရှည်ကို ပိုဝတ်လေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ လုံလုံခြုံခြုံ ဝတ်ရတာ နှစ်သက်တဲ့ ပျိုမေတို့ နမူနာယူနိုင်မယ့် Jisoo ရဲ့ ဝတ်ဆင်ပုံတွေကို ဖော်ပြပါရစေ။

Off Shoulder အနက်ရောင်လေးကို ဆွဲဆောင်မှု ရှိတဲ့ လှိုင်းတွန့်ဆံပင်နဲ့ တွဲဖက်ကာ ဂျင်းဘောင်းဘီရှည်နဲ့ တွဲဝတ်ထားတဲ့ သူမက ဆွဲဆောင်မှုရှိလွန်းလှပါတယ်။

Lisa နဲ့ Vlog မှာလည်း Jisoo က ကွက်ကြား အင်္ကျီလက်ရှည်နဲ့ ဂျင်းဘောင်းဘီကို စတိုင်ကျကျ ဝတ်ဆင်ထားပါတယ်။

ဂါဝန်ရှည်ကို အဖြူရောင် ရှပ်နဲ့ အထာကျကျ တွဲထားကာ လှနေတဲ့ Jisoo

ခါးအဆီ မရှိသူ ဖြစ်တာကြောင့် ခါးတိ Crop, ဘောင်းဘီရှည်နဲ့ Jisoo က လှနေတာပါပဲ။

ခါးနေရာ အဆီရှိသူတွေ အားမငယ်ရအောင် Jisoo က ခါးနေရာ ဘယ်လိုသွယ်အောင် ဝတ်ရမလဲ သိဖို့ အပြင်ထပ်လေးနဲ့ တွဲဝတ်ပြထားပါတယ်။

Crop မဝတ်ဘဲ ရိုးရိုး Blouse နဲ့ ဂျင်းဘောင်းဘီက Jisoo ဝတ်လိုက်ရင် လှသွားတာပါပဲ။

အဖြူရောင် ရင်ဟိုက်အင်္ကျီက မိန်းကလေးတစ်ယောက်ကို ပိုဆွဲဆောင်မှုရှိစေပါတယ်။ Jisoo လို ဖိနပ်ကို အဖြူလေး တွဲလိုက်ရင် အလှဆုံး ဖြစ်သွားမှာ မလွဲပါပဲ။

ဂါဝန်ရှည်နဲ့ မင်းသမီးတစ်ပါးလို လှနေတဲ့ သူမ

တီရှပ်ကို ဘောင်းဘီထဲ Tuck ဝတ်ကာ ရိုးရိုးရှင်းရှင်းလှနေတဲ့ Jisoo ကို တွေ့ရမှာပါ။

Jisoo က ဒီထဲမှာတော့ အစင်းကြောင်း ဘောင်းဘီကို အပေါ် Blouse နဲ့ ခပ်မိုက်မိုက်တွဲစပ်ထားပါတယ်။

ယောက်ျားဆန်ဆန် ဖက်ရှင်ကို နှစ်သက်ရင် Jisoo လို လုံလုံခြုံခြုံ ဝတ်နိုင်ပါတယ်။

ပေါ့ပါးတဲ့ လူငယ်စတိုင်နဲ့ သူမ

ပေါ့ပေါ့ပါးပါး အင်္ကျီနဲ့ ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ကာ သူမလို ယုံယုံကြည်ကြည် နေသင့်ပါတယ်။

အဖြူနဲ့ အပြာကို တွဲထားပြီး ချစ်ဖို့ကောင်းတဲ့ Jisoo ကို တွေ့ရမှာပါ။

ဂျင်းဘောင်းဘီရှည်နဲ့ အဖြူရှပ်ကို ဝတ်လိုက်တော့လည်း Jisoo က လှသွားတာပါပဲ။

Photo Source: Pinterest

By MyStyle Myanmar