ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ချေပုလေး Jennie ရဲ့ Pose လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံတစ်ခါရိုက်ဖို့ ဘယ်လိုနေရမလဲ ဘယ်လို Pose ပေးရမလဲဆိုတာကို စဉ်းစားရခက်နေတဲ့သူတွေအတွက်တော့ Jennie ရဲ့ Pose လေးတွေက အရမ်းအသုံးဝင်မယ်လို့ ထင်ပါတယ်။

Jennie ရဲ့ ဒီ Pose လေးဆိုရင် Kitchen ကောင်းကောင်းလေးတွေမှာ ရိုက်လို့ရတယ်နော်။ အမိုက်စား အချေပုံလေးပါ။

Jennie လို အချေပုံလေးတွေလိုချင်ရင်တော့ ခုံမှာထိုင်ရိုက်ရင် ဒီလိုလေး Pose ပေးရိုက်ကြည့်ပါ။ Jennie ကတော့ ချေပုလေးဆိုတဲ့အတိုင်း မျက်နှာကအသက်ပါပဲ။

Jennie ရဲ့ ဒီ Pose လေးဆိုလည်း အရမ်းမိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာဝါသနာပါရင် အိမ်မှာ ဖုန်းထောင်ပြီး ရိုက်လို့တောင်ရပါသေးတယ်။

Jennie ရဲ့ ဒီ Pose လေးဆိုရင် ဓာတ်လှေကားထဲမှာ ရိုက်လို့ရတယ်နော်။ ဒီ Pose လေးဆိုရင် ဖက်ရှင်အမိုက်စားလေးနဲ့ဆို ပိုပြီးမိုက်နေမှာပါ။

ဘောင်းဘီဝတ်ပြီး ထိုင်ရိုက်မယ်ဆိုရင် Jennie ရဲ့ ဒီ Pose လေးကိုလုပ်ကြည့်ပါ။ မိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။

အချိုရည်ဘူး (သို့) အအေးဘူး (သို့) Bubble tea ဘူးလေးတွေကိုင်ပြီး ဒီလိုလေး Pose ပေးရိုက်လို့ရသေးတယ်နော်။

အပြင်မှာဓာတ်ပုံရိုက်တဲ့အခါ တစ်ကိုယ်လုံးပုံလေးတွေရိုက်မယ်ဆို Jennie ရဲ့ ဒီ Pose လေးတွေကို Try ကြည့်ပါ။ အထာကျကျလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

Jennie ရဲ့ ဒီ Pose လေးဆိုရင် အရမ်းမိုက်ပါတယ်။ တကယ့်ကိုအချေ Pose လေးနဲ့ မျက်နှာထားက အသက်ပါပဲ။

ခပ်မိုက်မိုက်ဖက်ရှင်လေးတွေ၊ အထာကျကျလေးတွေ ဝတ်ထားရင် ဒီလိုလေးထိုင်ပြီး Pose ပေးကြည့်ပါ။ ပုံကောင်းတစ်ပုံထွက်လာမှာ သေချာပါတယ်။

ဘယ်မှမသွားရမလဲမပူပါနဲ့။ အိပ်ယာပေါ်မှာပဲ ဖက်ရှင်အပြည့်ဝတ်စားပြီး Jennie လိုလေး Pose ပေးရိုက်လို့ရတယ်နော်။

ဓာတ်ပုံတစ်ခါရိုက်ဖို့ ဘယ်လိုနေရမှန်းကိုမသိတော့ဘူးဆိုရင် Jennie နေသလိုလေးသာနေလိုက်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com