Skirt အတိုလေးတွေ ဝတ်ရတာကြိုက်တယ်ဆိုရင်တော့ Jean Skirt လေးတွေလည်း ဝယ်ဝတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ Jean Skirt က ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်တာကြောင့် တစ်ထည်ရှိရုံနဲ့တင် ဖက်ရှင်အမျိုးမျိုးဖြစ်အောင် ဝတ်ဆင်လို့ရပါတယ်။

ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးတွေအတွက် Jean Skirt ကို Top အမျိုးမျိုးနဲ့ လူငယ်ဆန်ဆန် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီဖက်ရှင်လေးကတော့ Jean Skirt ကို Hoodie အပွလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းတဲ့ လူငယ်စတိုင်လ်လေးပါ။

Jean Skirt ကို ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပါးတဲ့စတိုင်လ်မျိုးလေး ဝတ်မယ်ဆိုရင် ဒီလို T shirt လေးတွေနဲ့ တွဲဝတ်လိုက်ရုံပါပဲ။

Jean Skirt ကို ဒီလို Coat အတိုလေးတွေနဲ့ တွဲဝတ်တာမျိုးဆိုရင် ဖက်ရှင်ကျပြီး မိမိုက်နေတာပါပဲ။ အခုနောက်ပိုင်းမှာ Boots အမဲလေးတွေစီးတာက ခေတ်စားနေတာကြောင့် ဒီဖက်ရှင်စတိုင်လ်လေးကို လူငယ်ကောင်မလေးတွေ သဘောကျမှာပါ။

ကြိုးတစ်လုံးလေးတွေကိုလည်း Jean Skirt နဲ့တွဲဝတ်လိုက်ရင် ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းနေတာပါပဲ။

ရိုးရိုး Top လှလှလေးတွေကိုလည်း Jean Skirt လေးတွေနဲ့ တွဲဝတ်ရင် လိုက်ဖက်နေတာပါပဲ။ ချစ်ဖို့လည်းကောင်းပါတယ်။

Shirt အင်္ကီျိတွေကို ဒီလို Jean Skirt နဲ့တွဲဝတ်တာမျိုးကလည်း စတိုင်လ်ကျပြီးမိုက်တဲ့ ဖက်ရှင်လေးပါ။

ဆောင်းရာသီလို အေးတဲ့အချိန်မှာဆိုလည်း Jean Skirt ကို ဒီလို Hoodie လေးတွေနဲ့ တွဲဝတ်ရင် အလိုက်ဖက်ဆုံးပါပဲ။

ဆောင်းရာသီအတွက် ကိုရီးယားမလေးတွေဝတ်နေကျဖြစ်တဲ့ ဖက်ရှင်စတိုင်လ်လေးပါ။ ဒါကြောင့် Jean Skirt တစ်ထည်ရှိနေရင် ဒီလိုတွေ အမျိုးမျိုးဝတ်လို့ရပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် လုံးဝကိုမိမိုက်ပြီး ပွဲတိုးတဲ့ဖက်ရှင်လေးပါ။ Jean Skirt ကိုမှ Cute Type ဖြစ်အောင် ဝတ်လို့ရသလို လှပပြီး ဆွဲဆောင်မှုရှိအောင်လည်း ဝတ်လို့ရပါတယ်။ ဒါ့အပြင် ဒီလို မိုက်အောင်လည်း ဝတ်လို့ရပါတယ်။

Photo source:www.pinterest.com