အားလုံးပဲမင်္ဂလာပါနော်။ သင့်ဆံဖျားမှ ဖြေဖျားလေးတွေအထိ လှပနေစေဖို့ လက်လွတ်မခံသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ နူးညံ့တဲ့ ခြေထောက်လေးတွေအတွက်

သကြား၊ သံပရာရည် ရောပြီး သင့်ရဲ့ ခြေဖဝါးကနေ ခြေသလုံးအထိ သေချာလေး ပွတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ လက်ကိုလည်း အလားတူလုပ်နိုင်ပါတယ်။

၂။ ဆံကေသာ

ငှက်ပျောသီး ၁ လုံး၊ ကြက်ဥ ၁ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဘီယာ အနည်းငယ် ရောပြီး ဆံပင်ကို ၂ နာရီလောက် ပေါင်းတင်ပေးလိုက်ပါ။ ပြီးရင် ခေါင်းပြန်လျှော်လိုက်ပါ။ သင့်ဆံကေသာ နူးညံ့ ချောမွေ့လာတာကို ခံစားရမှာဖြစ်ပါတယ်။

၃။ ဝက်ခြံလေးတွေသက်သာဖို့

ပျားရည်ကို ဝက်ခြံလေးတွေသက်သာဖို့နဲ့ ဝက်ခြံအရောင်ကျဖို့ အသုံးပြုနိုင်ပါတယ်။ ပျားရည်ကို လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။ ဝက်ခြံရှိတဲ့နေရာမှာပဲလိမ်းပေးရမှာပါ။ ပုံမှန်အသုံးပြုပေးရမယ်နော်။

၄။ မျက်နှာရောင်ရမ်းတာသက်သာစေဖို့

ဆားနဲ့ ရေနွေးနွေးလေးကို ရောလိုက်ပါ။ တဘက်ကို နှစ်ပြီး ရေသေချာညှစ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ ၁၀ မိနစ်လောက်ကပ်ထားပေးလိုက်ပါ။ ရောင်တာ သက်သာသွားပါလိမ့်မယ်။

၅။ မျက်တောင်လေးတွေရှည်စေဖို့

အုန်းဆီ၊ သံလွင်ဆီ တစ်မျိုးမျိုးကို ညအိပ်ယာမယင်ခင် သင့်မျက်တောင်လေးတွေမှာ လိမ်းပေးလိုက်ပါ။

၆။ ဆံကေသာ နူးညံ့ပြီးပြောင်လက်နေစေဖို့

သံလွင်ဆီကို ခေါင်းမလျှော်ခင် နာရီဝက်လောက်အလိုမှာ အမြဲတမ်း လိမ်းပေးမယ်ဆိုရင်တော့ ဆံပင်လည်း တောက်ပြောင်ပြီး သန်စွမ်းစေမှာဖြစ်ပါတယ်။

၇။ အိမ်မှာပဲမိတ်ကပ်ဖျက်မယ်

တကယ်လို့ မိတ်ကပ်ဖျက်ဆေးကုန်နေတယ်ဆိုရင်တော့ သံလွင်ဆီနဲ့ ရေနည်းနည်းရောလိုက်ပြီး ဝါဂွမ်းလေးနဲ့ မိတ်ကပ်ကို ဖျက်ပေးနိုင်ပါတယ်။

၈။ နှုတ်ခမ်းသားလေး နူးညံ့စိုပြေနေဖို့

Lip Balm ကို သင့်နှုတ်ခမ်းပေါ်မှာလိမ်းပေးလိုက်ပါ။ ညအိပ်ယာမဝင်ခင်လိမ်းပေးပါ။ သကြားနဲ့ အုန်းဆီရောပြီး နှုတ်ခမ်းကို သေချာ Scrub လုပ်ပေးနိုင်ပါတယ်။

Source: www.trendcrown.com