ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူများအတွက် ချစ်ဖို့ကောင်းတဲ့ ဂျပန်စတိုင်လ် photo pose အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီပုံလေးတွေက ဆန်းပြားနေတာမျိုးလည်းမဟုတ်ပဲ ရိုက်နေကျပုံစံတွေထဲကနေ ကွဲထွက်ပြီးတော့ ချစ်ဖို့ကောင်းနေစေပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာဝါသနာပါရင် try ကြည့်သင့်ပါတယ်။

ပေါ့ပေါ့ပါးပါးစတိုင်လ်လေးဝတ်ပြီး အအေးဘူးလေးတစ်ဘူးနဲ့ ဒီလို pose မျိုး ရိုက်လို့ရပါတယ်။ နည်းနည်းဟောင်းတဲ့ ဆိုင်နေရာလေးတွေမှာရိုက်ရင် ပိုလှမှာပါ။ ဒီလိုပုံလေးတွေက filter အမှိုင်းလေးထည့်လိုက်ရင် ပိုလှပါတယ်။

သစ်ပင်လေးတွေနဲ့ လှေကားရှိတဲ့နေရာလေးမှာ စကပ်အရှည်၊ ဂါဝန်အရှည်လေးတွေဝတ်ပြီး ကင်မရာလေးနဲ့ ဒီလို photo pose မျိုးရိုက်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ပုံကိုပြင်တဲ့အခါမှာ စာသားလေးတွေသာပါရင် တကယ့်ကို ဂျပန်စတိုင်လ်လေး ဖြစ်သွားမှာပါ။ စာသားမပါလည်း filter ကိုသေချာသုံးတတ်ရင် အဆင်ပြေနေပါပြီ။

လှေကားပေါ်ပြေးတက်နေတဲ့ပုံလေးလည်း ရိုက်ကြည့်ပါ။ ဒီလိုပုံလေးတွေက filter သာ သေချာထည့်ပြီးပြင်တတ်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။

ထိုင်ခုံလေးမှာ ဒီလိုထိုင်ပြီး ရေခဲချောင်းစားနေတဲ့ပုံစံမျိုးက ဘာမှထွေထွေထူးထူးမဟုတ်လည်း ရိုက်နေကျပုံစံတွေထဲကနေကွဲထွက်ပြီး ချစ်ဖို့ကောင်းစေပါတယ်။ ဒါကြောင့် ဒီလို photo pose မျိုးလည်း try ကြည့်သင့်ပါတယ်။

ကော်ဖီခွက်လေးချပြီး ခုံမှာ ဒီလိုလေးခေါင်းလှဲနေတဲ့ပုံစံမျိုးလည်း သေချာ pose ပေးပြီးရိုက်ကြည့်ပါ။ လုံးဝကို ဂျပန်စတိုင်လ် photo pose လေး ဖြစ်စေပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ ဒီလိုပေါ့ပေါ့ပါးပါးထိုင်ပြီးတော့လည်း pose ပေးရိုက်လို့ရပါတယ်။ ဂျပန်စတိုင်လ် photo pose ရဖို့ဆိုရင် ကိုယ်သုံးမယ့် filter နဲ့ ကိုယ့်ဖက်ရှင်နဲ့ကိုသာ သေချာလုပ်ပေးဖို့လိုပါတယ်။

ဒီပုံလေးဆိုရင် လုပ်ရတာအရမ်းလွယ်တဲ့ pose ဖြစ်ပြီး ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ဂျပန်စတိုင်လ် photo pose လေးလည်း ဖြစ်စေပါတယ်။ သူ့လိုမျိုး အဖြူရောင်လေးဝတ်ပြီး ဆံပင်စည်းထားရင် ပိုပြီးပြည့်စုံသွားမှာပါ။

ဒီပုံလေးဆိုလည်း အရမ်းလွယ်ပါတယ်။ မြက်ခင်းပြင်မှာထိုင်ပြီး ဒီလိုလေး pose လေးကြည့်ပါ။ ရိုက်တဲ့သူက အပေါ်စီးကနေရိုက်ပြီး filter ကို အမှိုင်းလေးပြင်လိုက်ရင် ပုံထွက်အရမ်းလှမှာပါ။

နေရောင်ဝင်တဲ့နေရာမှာ ဒီလို photo pose မျိုးရိုက်ရင် အရမ်းမိုက်ပါတယ်။ ဒီပုံမှာတော့ နေရာနဲ့ မျက်နှာထားက အသက်ပါပဲ။

ပန်းကို ပါးစပ်ရှေ့ထားတာမျိုး၊ ပါးစပ်နဲ့ကိုက်ထားတာမျိုးတွေ ရိုက်ရင်လည်း ချစ်ဖို့ကောင်းပါတယ်။ ပန်းနဲ့ရိုက်မယ်ဆိုရင် ဒီလို pose လေးလည်း ရိုက်ကြည့်ပါ။

Photo source:www.pinterest.com