ဖက်ရှင်ချစ်သူပျိုမေတို့ အားလုံးပဲ မင်္ဂလာပါနော်။ Produce 48 ပြိုင်ပွဲကို ကြည့်ဖူးတဲ့သူဆိုရင်တော့ နောက်ဆုံးအဆင့်ထိ အနိုင်ရပြီး IZ*ONE အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်နိုင်ခဲ့တဲ့ Minju ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ အသက် ၂၁ သာရှိသေးတဲ့ သူမဟာ ၂၀၁၈ ခုနှစ်က IZ*ONE အဖွဲ့ရဲ့ အဓိက Rapper နဲ့ Visual တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်မင်းသမီးနဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

အရပ် ၅ ပေ ၄ ရှိတဲ့ Minju ဟာ သူမရဲ့သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေ ဝတ်လေ့ရှိပြီး သူမဝတ်တဲ့ ဂျင်းဖက်ရှင်လေးတွေက အခုခတ် လူငယ်မိန်းကလေးတွေနဲ့လည်း လိုက်ဖက်စေမယ့် ပုံစံလေးတွေပဲဖြစ်ပါတယ်။

ဂျင်းဘောင်းဘီစတိုင်လေးတွေက ဘယ်လိုအချိန်မှာပဲဝတ်ဝတ် ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျစေတဲ့အပြင် ဘယ်တော့မှမရိုးတဲ့ဖက်ရှင်တစ်မျိုးလည်းဖြစ်တာမို့ ဒီတစ်ခေါက်မှာ ဂျင်းဖက်ရှင်တွေ ဝတ်ရတာကြိုက်တဲ့ ပျိုမေတို့အတွက် Minju ရဲ့ အရမ်းလှတဲ့ ဂျင်းဘောင်းဘီဖက်ရှင် အတွဲအစပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ စိတ်ဝင်စားရင် တူတူကြည့်လိုက်ရအောင်-

Photo Source: Pinterest

By MyStyle Myanmar