မျက်နှာသေးသေး၊ နှုတ်ခမ်းလှလှလေးကို ပိုင်ဆိုင်ထားတဲ့ IZ*ONE အဖွဲ့ဝင် Won-young ကိုတော့ တော်တော်များများချစ်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အသက် ၁၇ နှစ်ပဲရှိသေးတဲ့ Won-young ရဲ့ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။ တချို့ဖက်ရှင်လေးတွေဆိုရင် လူငယ်ကောင်မလေးတွေ Idea ယူပြီး လိုက်ဝတ်လို့တောင်ရပါသေးတယ်။

Won-young ရဲ့ ဒီဖက်ရှင်ပုံလေးဆို အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေ လိုက်ဝတ်လို့ရတဲ့ ဖက်ရှင်မျိုးလည်းဖြစ်ပါတယ်။ ခရီးသွားတဲ့အခါမှာဝတ်ရင် အရမ်းလိုက်ဖက်ပြီးလှနေမှာပါ။

Won-young ရဲ့ ဒီဖက်ရှင်လေးဆိုရင် စတိုင်လ်ကျပြီး အရမ်းမိုက်ပါတယ်။ အခုခေတ်စားနေတဲ့ ဖက်ရှင်လေးလည်းဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်။

Won-young ဝတ်ထားတဲ့ ဒီဖက်ရှင်လေးဆိုရင် ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီကရာသီဥတုနဲ့လည်း အရမ်းအဆင်ပြေတဲ့ ဖက်ရှင်ပုံစံလေးဖြစ်တာကြောင့် လိုက်ဝတ်လို့တောင်ရပါသေးတယ်။

အမဲဝမ်းဆက်လေးတွေ၊ body fit အမဲလေးတွေဝတ်မယ်ဆိုရင် Won-young လို စတိုင်လ်မျိုးလေး ဝတ်ကြည့်ပါ။ ချစ်ဖို့ကောင်းပြီး စတိုင်လ်ကျကျနဲ့ မိုက်ပါတယ်။

Pink Pant လေးနဲ့ Body Fit Top လေးကို တွဲဝတ်ထားပြီး Sneakers အဖြူလေးစီးထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်မျိုးလေးပါ။

ဒီလို ချစ်ဖို့ကောင်းကော်လံနဲ့ Top လေးကို တော်တော်များများက စကပ်တွေနဲ့ပဲ တွဲဝတ်ကြတာပါ။ ဒီမှာတော့ Won-young က Pant လေးနဲ့တွဲဝတ်ထားတာ ဖက်ရှင်တစ်မျိုးဆန်းပြီး မိုက်ပါတယ်။

ဒီပုံလေးမှာတော့ ချစ်ဖို့ကောင်းကော်လံနဲ့ Top လေးကို တော်တော်များများတွဲဝတ်ကြသလို စကပ်လေးနဲ့ပဲ တွဲဝတ်ထားတာပါ။ ဒီလိုလေးကျတော့ မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေး ဖြစ်သွားတာပေါ့။

Won-young ဝတ်ထားတဲ့ ဒီဖက်ရှင်လေးကျတော့ ဆောင်းရာသီမှာ ရှိုးထုတ်လို့ရမယ့်ပုံစံလေးပါ။ ခရီးသွားရင်လည်း ဝတ်လို့အဆင်ပြေတဲ့ ဖက်ရှင်လေးဖြစ်ပါတယ်။

Won-young ရဲ့ ဒီဖက်ရှင်လေးဆိုရင် ကလေးလေးလို အရမ်းချစ်ဖို့ကောင်းပါတယ်။ Cute type တွေကြိုက်ရင် ဝတ်ကြည့်သင့်ပါတယ်။

Jean Dress လက်ပြတ်လေးကို အောက်ကနေ အင်္ကျီအဖြူလက်ဖောင်းလေး ခံပြီးဝတ်ထားတာကြောင့် ပုံမှန်ထက်ပိုပြီး ချစ်ဖို့ကောင်းတဲ့ဖက်ရှင်လေး ဖြစ်သွားစေပါတယ်။

ဒီဖက်ရှင်မှာတော့ အခုခေတ်စားနေတဲ့ ဂျင်းဘောင်းဘီကို လည်ထောင်လက်ပြတ်နဲ့ တွဲဝတ်ထားတာ အရမ်းမိုက်ပါတယ်။

photo source:www.pinterest.com