မိတ်ကပ် Look လှလှလေးတွေ စိတ်ဝင်စားကြတဲ့ ပျိုမေတို့အားလုံးပဲ မင်္ဂလာပါနော်။ ဆယ်ကျော်သက် အမျိုးသမီး Idol တွေထဲမှာ ပြစ်မျိုးမှဲ့မထင်အောင် ချစ်စရာကောင်းတဲ့ Visual အလှကြောင့် ကျော်ကြားတဲ့ IVE အဖွဲ့ဝင် Wonyoung ကို သိကြမယ်ထင်ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ Wonyoung ဟာ သူမရဲ့ မျက်နှာသေးသေးလေးနဲ့ လိုက်ဖက်မယ့် ပန်းရောင်သမ်းတဲ့ စိုစိုပြောင်ပြောင် Makeup Look လေးတွေ ပြင်လေ့ရှိသူပါ။ သူမရဲ့ မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းဖူးဖူးလေးတွေ အသားပေးထားတဲ့ မိတ်ကပ် Look က အခုခေတ် လူငယ်ကောင်မလေးတွေနဲ့လည်း လိုက်ဖက်စေမှာဖြစ်လို့ ဒီတစ်ခေါက်မှာ Wonyoung ရဲ့ ပန်းရောင်သမ်းတဲ့ နူးနူးညံ့ညံ့ မိတ်ကပ် Look ရအောင် ပြင်ဆင်နည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အောက်ခံမိတ်ကပ်သားပါတဲ့ Tone-up Suncreen

Wonyoung ဟာ သူမရဲ့မျက်နှာလေး အမြဲကြည်ပြီး Glow နေဖို့ Skincare ကိုအသားပေးပြီး လုပ်လေ့ရှိသူပါ။ ကိုးရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံး Skincare Brand ဖြစ်တဲ့ “Innisfree” ရဲ့ ပင်တိုင်မော်ဒယ် တစ်ဦးလည်းဖြစ်တဲ့သူမက Sunscreen မလိမ်းဘဲ အပြင်လုံးဝထွက်လေ့မရှိဘူးလို့ ဆိုပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါ ပေ့ါပေါ့ပါးပါးနဲ့ သဘာဝဆန်ဆန်လေးရဖို့ Foundation မသုံးဘဲ Tone-up ပါတဲ့ Sunscreen လေးတွေ လိမ်းတတ်တဲ့သူဖြစ်ပါတယ်။

၂။ ပါးနီအတွက် Baby Pink အရောင်လေး


ပါးနီကိုတော့ အရုပ်ကလေးလို ချစ်စရာကောင်းတဲ့ပုံစံလေးရစေမယ့် Baby Pink အရောင်နုနုလေး သုံးပါတယ်။ သူမလိမ်းလေ့ရှိတဲ့ ပုံစံလေးရဖို့ ပန်းရောင်စိုစို ပါးနီကိုရွေးပြီး ပါးမို့လေးတွေပေါ်မှာ ခပ်ထင်းထင်း လိမ်းပေးပါ။

၃။ Eyeliner အမဲရောင်

မျက်လုံးဝိုင်းလေးတွေ ထင်းဖို့ Eyeliner အမဲရောင်သုံးပြီး Cat Eye ပုံစံ အစွန်းနားခပ်ကော့ကော့လေး ဆွဲပေးပါတယ်။ နူးနူးညံ့ညံ့ Look လေးမပျောက်အောင် အောက်မျက်ခွံမှာ Eyeliner သိပ်မသုံးဘဲ အပေါ်ပိုင်းကို ခပ်ထူထူလေး ဖြည့်ဆွဲပေးတာမျိုး လုပ်ပေးရမှာပါ။

၄။ ပန်းရောင် Eyeshadow

ပန်းရောင် Eyeshadow လေးတွေ ဆိုးပေးတတ်ပြီး မျက်လုံးအရောင်လက်လက်လေးနဲ့ ထင်းနေဖို့ ပန်းရောင်သမ်းတဲ့ Glitter Eyeshadow တွေကို အောက်မျက်ခွံမှာ ထည့်ဆိုးပေးပါတယ်။

၅။ Lip Gloss စိုစိုလေး

သဘာဝဆန်ဆန် နှုတ်ခမ်းဖူးလေးရဖို့ နှုတ်ခမ်းနီအရောင်ထင်းထင်းတွေထက် နှုတ်ခမ်းသားပြည့်စေမယ့် Lip Gloss လေးတွေ ဆိုးတတ်သူဖြစ်ပါတယ်။ Wonyoung အမြဲသုံးတာကတော့ Innisfree တံဆိပ် “Plumping Lip Glow” လေးပါ။

၆။ အရောင်နဲ့ မျက်ကပ်မှန်

မျက်ကပ်မှန်တပ်တာက မိတ်ကပ် Look တိုင်းကို ပိုထင်းစေပါတယ်။ Wonyoung ကိုယ်တိုင်လည်း သူမရဲ့ ပန်းရောင် မိတ်ကပ် Look လေး သဘာဝဆန်ဆန်နဲ့ ထင်းနေအောင် ခဲရောင်နဲ့ အညိုရောင်ဖောက်တဲ့ မျက်ကပ်မှန်လေးတွေ တပ်လေ့ရှိသူဖြစ်ပါတယ်။

Photo Source: Pinterest, preview.ph