မင်္ဂလာပါ….ပျိုမဒီတို့ရေ….သင့်ရဲ့ဝတ်စားဆင်ယင်ပုံက သင့်ရဲ့ယုံကြည်မှုအပေါ်မှာ အများကြီး အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ သိပါရဲ့လား ? လုပ်ငန်းခွင်မှာ ယုံကြည်ချက်ရှိရှိနဲ့ အလုပ်လုပ်ဖို့ နဲ့ ကိုယ့်ကိုကိုယ်လေးစားမှု မြှင့်တင်ဖို့ အသွင်အပြင်အသစ်တွေကို စမ်းကြည့်လိုက်ပါ။

ယုံကြည်မှုတိုးစေတဲ့ အသွင်အပြင်ကို ရဖို့ အများကြီး မလိုအပ်ပါဘူး။ သင့်အတွက် ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ စတိုင်ငါးခုကို ဖော်ပြပေးလိုက်ပါတယ်။

 

Tဖက်ရှင်ခေတ်ရေစီးကြောင်းကို လိုက်ကြည့်ပါ။ ခပ်မာမာစတိုင်လေးက ယုံကြည်စိတ်ချမှုကို တိုးစေပြီး စိတ်အားထက်သန်မှုကို တိုးပွားစေပါတယ်။ အတွင်းစိတ်ခွန်အားကို ဆုပ်ကိုင်ထားနိုင်စေမယ့် စတိုင်များကို စဉ်းစားပြီး ဝတ်ကြည့်ပါ။ အနက်ရောင်ဂျင်းဘောင်းဘီ၊ ပန့်ခ်တီရှပ်အင်္ကျီ၊ သားရေဂျာကင်အင်္ကျီ တို့က သင့်ရဲ့အသွင်အပြင်ကို ပြီးပြည့်စုံစေပြီး ယုံကြည်မှုကိုလည်း တိုးစေပါတယ်။

 

 

သူများတွေထင်တာကို ဂရုမစိုက်ဘူးလို့ ထင်မြင်စေတဲ့ ဝတ်စုံတွေနဲ့ သင့်ရဲ့ယုံကြည်မှုကို မြှင့်တင်လိုက်ပါ။ သင်အကြိုက်ဆုံး ဂျင်းဘောင်းဘီတစ်ထည်နဲ့ ဖလန်နယ်တစ်ထည်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ပြီး ပြီးပြည့်စုံနေတဲ့ပုံစံက သင့်ကိုယ်သင်ယုံကြည်မှု တိုးမြင့်လာစေပါတယ်။

 

နောက်ထပ်ထည့်သွင်းစဉ်းစားရမယ့် စတိုင်တစ်ခုက ခေတ်မီတဲ့ ဂန္တဝင်စတိုင်ပါ။ သပ်သပ်ရပ်ရပ်ရှိပြီး ရိုးရှင်းတဲ့ဂန္ထဝင်ဆန်ဆန်အသွင်အပြင်က သင့်အောင်မြင်မှုအတွက် ၀တ်ဆင်ထားသလိုမျိုး သင့်ကို ယုံကြည်မှုပိုရှိဖို့ ကူညီပေးနိုင်မှာပါ။

ရဲရင့်တဲ့အရောင်တွေကို ၀တ်ဆင်ပြီး  သင့်ရဲ့ယုံကြည်မှုကို မြှင့်တင်လိုက်ပါ။ အနီ၊ အပြာ နှင့် ခရမ်းရောင်တို့လိုအရောင်တွေက သင့်ကိုယ်သင် ယုံကြည်မှုအရှိဆုံးပုံစံဖြစ်ဖို့ ပေါ်လွင်စေမယ့် အရောင်များပါ။

ယုံကြည်မှုကို မြှင့်တင်ပေးမယ့် 80s ဖက်ရှင် တွေဖြစ်တဲ့ Oversize တီရှပ်အင်္ကျီ၊ Leggings နဲ့ လည်ရှည် Sneakers တို့က ခေါင်းဆောင်တစ်ယောက်လိုမျိုး ခံစားရစေမှာပါ။