တောင်ကိုရီးယားမိန်းကလေးအဖွဲ့တစ်ခုဖြစ်တဲ့ ITZY ဟာဆိုရင် စပြီး Debut လုပ်တဲ့အချိန်ကတည်းကနေ လူသိများကျော်ကြားလာခဲ့ကြတာပါ။ အဖွဲ့ဝင်ငါးယောက်လုံးကလည်း ကိုယ်စီကိုယ်စီ ချစ်စရာကောင်းတဲ့အသွင်အပြင်လေးတွေနဲ့ လှပထင်ရှားလျက်ရှိလှပါတယ်။

ဒီအဖွဲ့ထဲကမှ အငယ်ဆုံးလေးဖြစ်တဲ့ Yuna ကတော့ အခုမှ အသက် ၁၇ နှစ်သာရှိသေးပေမယ့် သူ့ရဲ့အရပ်ကတော့ 172cm ဖြစ်ပြီး အဖွဲ့ထဲမှာ အရှည်ဆုံးဖြစ်ပါတယ်။ အရပ်ကခပ်ရှည်ရှည် ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်လေးနဲ့ မော်ဒယ်လ်အလား အောက်မေ့ရတဲ့ Yuna ကတော့ ဖက်ရှင်ပိုင်းမှာလည်း စတိုင်ကျကျ ဝတ်စားလေ့ရှိပါတယ်နော်။

အငယ်ဆုံးလေးဖြစ်တဲ့အလျောက် ချစ်ဖို့လည်းကောင်းပြီး အကလည်းတော်လွန်းတာကြောင့် သူမကိုချစ်တဲ့သူတွေ အများကြီးရှိမှာပါ။ Yuna ဝတ်တဲ့ တချို့ဖက်ရှင်လေးတွေဆိုရင် ရိုးရိုးလေးနဲ့ ပေါ့ပါးလွတ်လပ်လှပါတယ်။ ဒါကြောင့် Yuna fan တွေနဲ့ လူငယ်ကောင်မလေးတွေအတွက် လိုက်ဝတ်လို့ရတဲ့ ITZY အဖွဲ့ဝင် Yuna ရဲ့ ဖက်ရှင်တချို့ကို မျှဝေပေးလိုက်ပါတယ်။

Source: Pinterest